မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ချဲလ်ဆီးနှင့်ပွဲတွင် တစ်ဦးတည်း ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့ ပြီးနောက် ပရီးမီးယားလိဂ်တွင် စံချိန်တင် ဟက်ထရစ်ဂိုး သွင်းထား သော အလန်ရှီး ယား၏ စံချိန်နှင့်တူညီနိုင်ခဲ့သည်။ ချဲလ်ဆီး ထရစ်မှာ အဂူရိုအတွက် မန် စီးတီးကစားသမားဘဝ (၁၁) ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ရာ ဆောက် သမ်တန်၊ ဘလက်လန်းနှင့် နယူးကာဆယ် တိုက်စစ်မှူး ဟောင်းရှီးယား၏စံချိန်နှင့် တူညီခဲ့ ခြင်းဖြစ်သည်။
မန်စီးတီး အသင်း သမိုင်းတစ် လျှောက် ဂိုးအများဆုံးသွင်းယူထားသော အဂူရိုမှာ တော် မီဂျွန်ဆင်နှင့် အဲရစ်ဘရွတ်တို့၏ စံချိန်ကို ကျော်လွန်ပြီး လိဂ်ဂိုးအများဆုံးသွင်းယူထားသူလည်း ဖြစ်သည်။ ပရီးမီးယားလိဂ်သမိုင်းတွင် ဟက်ထရစ်အများဆုံး ကစားသမားစာရင်း၌ ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေသော အဂူရိုနှင့် အလန်ရှီးယားတို့အပြီးတွင် ဖောင်လာ(ကိုးကြိမ်)၊ ဟယ်ရီကိန်း၊ အိုဝင်၊ အွန်နရီ(ရှစ်ကြိမ်)၊ ရွန်းနီ(ခုနစ် ကြိမ်)၊ ဆွာရက်ဇ်(ခြောက်ကြိမ်)စသဖြင့် အသီးသီး ရပ်တည်နေသည်
KKW
#democracytoday
Discussion about this post