အေစီတိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုသည် ၂ဝ၁၃ ခုနှစ်က အဲလ်ဘေးနီးယားအမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် အခြား လူငါးဦးနှင့်အတူ ထောင်ဒဏ်ကိုးနှစ်ကျခံရန် ချမှတ်ခြင်းခံခဲ့ရသည်။
ရော်ဘင်ဟိုနှင့် အခြားလူငါးဦးမှာ ထိုစဉ်က အသက် ၂၂ နှစ် အရွယ်ရှိ အဆိုပါအမျိုးသမီးကို နိုက်ကလပ်အတွင်း အရက်တိုက်ပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့်အတွက် မီလန်ရှိတရားရုံးတစ်ခုက တရားခံများအား ထောင်ဒဏ်ကိုးနှစ်ချမှတ်ခဲ့သလို တရားလိုထံ လျော်ကြေးယူရို ၆ဝ,ဝဝဝ ပေးရန်လည်း အမိန့်ချမှတ်ခဲ့သည်။
လက်ရှိတွင် ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးတွင် ကစားနေသော ရော်ဘင်ဟိုမှာ တရားခွင်သို့ လာရောက်ခဲ့ခြင်းမရှိဘဲ ၎င်း၏ရှေ့နေမှတစ်ဆင့် အင်စတာဂရမ်တွင် အပြစ်မရှိကြောင်းပြော ကြားခဲ့သည်။ ရော်ဘင်ဟိုအနေဖြင့် မီလန်တွင်ကစားနေစဉ်အတွင် ယခုပြစ်မှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အယူခံ နှစ်ကြိမ်ဝင်ခွင့်ရှိမည်ဖြစ်ကာ အပြီးသတ်တရားစီရင်ချက်ချပြီးပါက အီတလီနိုင်ငံက ရော်ဘင်ဟိုအပါ အဝင်တရားခံများကိုလွှဲပြောင်းပေး ရန် ဘရာဇီးနိုင်ငံထံတောင်းဆိုဖွယ်ရှိနေကြောင်းသိရသည်။
KKW
#democracytoday
Discussion about this post