လန်ဒန်
အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်း ပြ ဂယ်ရီဆောက်ဂိတ်သည် လစ်လပ်နေသည့် လက်ရွေးစင် အသင်းခေါင်းဆောင်ရာထူးအား ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ခန့်အပ်တာဝန်ပေးဖွယ် ရှိနေခဲ့သော်လည်း အလျင်အမြန် ခန့်အပ်တာဝန်ပေးမည်မဟုတ် ကြောင်း သတင်းများ ထပ်မံထွက်ပေါ်ချက်အရ သိရသည်။
အင်္ဂလန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်ရွေးစင်အသင်း၏ ဂုဏ်ယူစရာ အကောင်းဆုံးနေရာကို ရယူလိုကြောင်း၊ အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်လက်ပတ်ကို တစ်ချိန်ချိန်တွင် လက်ခံရယူလိုကြောင်း ထုတ် ဖော်ပြောကြားသွားခဲ့သည်။ နည်းပြဆောက်ဂိတ်အနေနှင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် စီနီယာ ကစားသမားများဖြစ်သည့် နောက်ခံလူ ဂယ်ရီကာဟေးလ်၊ ဂိုးသမား ဂျိုးဟတ်၊ ကွင်းလယ်ကစားသမား ဟန်ဒါဆန်တို့ကို အသင်းခေါင်း ဆောင်များအဖြစ် အလှည့်ကျ တာဝန်ပေးခဲ့ပြီး အနာဂတ်အသင်းခေါင်းဆောင် ရာထူးကိုလည်း စီနီယာကစားသမားများထဲမှ သာ ရွေးချယ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုအချို့လည်း ရှိနေခဲ့သည်။
သို့သော် ပရီးမီးယားလိဂ် နှစ်နှစ်ဆက်တိုက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည့် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကမူ လက်ရွေးစင် အသင်း ခေါင်းဆောင်ရာထူးအား လက်ခံရယူရန် ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့မှုကို နည်းပြ ဆောက်ဂိတ်အနေဖြင့် တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
WKM
#theyangontimes
Discussion about this post