အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်း၏ တိုက်စစ်ကိုအင်အား ဖြည့်တင်းရန် ဇန်နဝါရီဈေးကွက်အတွင်း ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူနိုင်ရေးအတွက် ဒေါ့မွန်နှင့်ဆွေး နွေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အာဆင်နယ်သည် လတ်တလော အတွင်း ချီလီတိုက်စစ်မှူးဆန်းချက်ဇ် ကို အာမေးနီးယားကွင်းလယ်လူ အမ်ခီတာယန်နှင့် အလဲအထပ်ပြုလုပ်ခဲ့ပြီး နောက် အူဘာမီယန်ကိုထပ်မံခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး အာဆင်နယ်အမှု ဆောင်ချုပ်ဂါဇီဒစ်နှင့် ကင်းထောက်ချုပ်မီစလင်တက်တို့မှာ ဂျာမနီအထိ သွားရောက်ကာ ဆွေးနွေးမှုများပြုလုပ် နေခြင်းဖြစ်သည်။
နည်းပြဝင်းဂါးက ”အပြောင်းအရွှေ့ ကိစ္စတွေ ဘယ် လောက်နီးစပ် နေသလဲဆိုတာ ဘယ်သူမှတိတိ ကျကျမသိနိုင် သေးပါဘူး။ အူဘာမီယန်ကိုခေါ်ယူရေးကြိုးပမ်းမှုဟာ အသင်းရဲ့လှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်ပေမယ့် တခြားအရာတွေကိုလည်း ကြိုပြီးပြင်ဆင်ထားပါသေးတယ်။ မတူညီတဲ့ရပ်တည်မှုတွေအတွက် အခွင့်အလမ်းပေါင်းစုံရှိနေပါသေးတယ်။ အူဘာမီယန်ကိုခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိတယ်၊ မရှိဘူးဆိုတာတွေကိုတော့ ကျွန် တော်မသိပါဘူး။ လက်ရှိမှာ အူဘာမီယန်အတွက် ဒေါ့မွန်နဲ့ရော တခြားဘယ်သူနဲ့မှ သဘောတူညီမှုရဖို့နီးစပ်တဲ့အနေ အထားမရှိသေးပါဘူး”ဟု ပြောခဲ့သည်။ သတင်းများအရ အာဆင်နယ်သည် အူဘာမီယန်ကိုခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးပေါင် ၅ဝ ဒသမ ၉ သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားပြီး ပြင်သစ်တိုက်စစ်မှူးဂီရော့ဒ်ကိုအလိုက်ပေးဖွယ်ရှိကြောင်းသိရှိရသည်။
အစောပိုင်းက အာဆင်နယ်၏ပေါင် ၄၃ သန်းဖြင့်ကမ်းလှမ်းမှုကို ဒေါ့မွန်ကပယ်ချထားခဲ့ပြီးနောက် အာဆင်နယ်မှာ ထပ်မံတိုးမြှင့်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်ကမ်းလှမ်းမှုမှာ ဒေါ့မွန်က အူဘာမီယန်အတွက် သတ်မှတ်ထားသော ပေါင် ၅၃ သန်းနှင့် ပိုမိုနီးစပ်လာခဲ့သည်။ ဒေါ့မန်အသင်းမှာ အူဘာမီယန် ၏နေရာတွင် အစားထိုးရန်ကစားသ မားသစ်ခေါ်ယူနိုင်မှသာ အူဘာမီယန်ကိုရောင်းချမည်ဟု အာဆင်နယ်ထံ အသိပေးထားရာ အူဘာမီယန်ကို ခေါ်ယူရေးကြိုးပမ်းမှုတွင် အာဆင်နယ်အနေဖြင့် ပြင်သစ်တိုက်စစ်မှူးဂီရော့ဒ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေကြောင်း သတင်းများက ခန့်မှန်းဖော်ပြ ကြသည်။ ဂီရော့ဒ်သည် ယခုနှစ်ရာသီတွင် အာဆင်နယ်တွင် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေ ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် နီးကပ်လာချိန်၌ ပုံမှန်ကစားခွင့်ရသောအသင်းသို့ ပြောင်း ရွှေ့ကစားရန် ဆန္ဒရှိနေရာ အာဆင်နယ်၏အလိုက်ပေးကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖွယ်ရှိ ကြောင်းလည်းသိရသည်။
KKW
#democracytoday
Discussion about this post