အာဆင်နယ်ကွင်းလယ်လူ မီခီတာယန်က နည်းပြချင်းနှိုင်းယှဉ်ပါက အာစင်ဝင်းဂါးမှာ မော်ရင်ဟိုထက်ပို၍ ကစားသမားများ အပေါ်နားလည်မှုရှိကြောင်း ဆိုခဲ့သည်။ မီခီတာယန်သည် ဇန်နဝါရီတွင် မန်ယူမှ အာဆင်နယ်သို့ ဆန်းချက်ဇ်နှင့် အလဲအထပ်ပြု လုပ်ကာရောက်လာသူဖြစ်ပြီး ခြေစွမ်းပြကစားကာ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ထားသည်။
မီခီတာယန်က ”မော်ရင်ဟို ဟာ ဆက်ဆံရခက်ပြီးကစားသမားတစ်ဦးဆီက အများကြီးရချင်ပါတယ်။ ဝင်းဂါးကတော့ ပိုပြီးရင်း နှီးဖော်ရွေပြီး ကစားသမားတွေအပေါ် နားလည်မှုပိုရှိပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကိုလည်းတွေးပေးသူဖြစ်ပြီး တည် ငြိမ်မှုလည်းပိုရှိပါတယ်။ ဒါက သူတို့နှစ်ဦးကြားက ကွာခြားချက်ပဲ ဖြစ်ပါတယ်”ဟုဆိုခဲ့သည်။
KKW
#democracytoday
Discussion about this post