လီဗာပူးအသင်းမှ တောင်ပံကစားသမား မာနေးက မိမိအနေ ဖြင့် နေ့စဉ်နေ့တိုင်း ပြင်းထန် သောအားထုတ်မှုပြုလုပ်ခဲ့သည် ဖြစ်ရာ ပုံမှန်ခြေစွမ်းပြန်ရလာမည်ကို မစိုးရိမ်ကြောင်းဖွင့်ဟခဲ့သည်။
မာနေးသည် ယခုနှစ်ရာသီတွင် ဆာလက်၏လွှမ်းမိုးမှုအောက်တွင် မထင်မရှားဖြစ်နေခဲ့သော်လည်း ပေါ်တိုကို အဝေးကွင်းတွင် ၅-ဝဖြင့် အနိုင်ရခဲ့သောပွဲတွင် တစ်ဦးတည်းဟက်ထရစ်သွင်းယူ ခြင်းဖြင့် ယခင်ခြေစွမ်းမျိုးပြန်ရလာခဲ့သည်။ မာနေးက ”သုံးဂိုးသွင်းယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကိုအကူအညီပေးနိုင်ဖို့ကို ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ပါဘူး။ လေ့ကျင့် ရေးအစီအစဉ်တွေမှာ နေ့တိုင်းအားထုတ်ခဲ့လို့ ခြေစွမ်းကောင်း ပြန်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ရှေ့မှာအရေးပါတဲ့ ပွဲတွေ အများကြီးရှိနေလို့ အသင်းကိုဆက် ပြီးအကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုဆိုခဲ့သည်။
KKW
#democracytoday
Discussion about this post