ဆောက်သမ်တန်အသင်းသည် ရလဒ်ဆိုးများကြောင့် နည်းပြပယ် လီဂရီနိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီး နောက် ၎င်း၏နေရာတွင် စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို အစားထိုးခန့်အပ်ကာ ရာသီကုန်အထိ တာဝန်ပေးခဲ့ကြောင်းသိရှိရသည်။ လိဂ်ပွဲ ၁၇ ပွဲကစားခဲ့ရာတွင် နိုင်ပွဲတစ်ပွဲသာရခဲ့ပြီးနောက်တန်း ဆင်းဇုန်နှင့် တစ်မှတ်အကွာအဆင့် ၁၇နေရာတွင် ရှိနေခဲ့ပြီးနောက် ဆောက်သမ်တန်မှာ ပယ်လီဂရီနို နှင့်လမ်းခွဲခဲ့ခြင်းဖြစ်ပြီး နည်းပြသစ်ဖြစ်လာရန် မာ့ခ်ဟုခ်ျက ရေပန်းအစားဆုံးဖြစ်ခဲ့သည်။
ယခုအခါ မာ့ခ်ဟုခ်ျကို ရာသီကုန်အထိ သက်တမ်းရှိစာချုပ်ဖြင့် ဆောက်သမ်တန်က တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မာ့ခ်ဟုခ်ျအနေဖြင့် ဝီဂန်ကိုအဝေးကွင်းတွင် သွားရောက် ရင်ဆိုင်ရမည့် အက်ဖ်အေဖလားပွဲတွင် ပထမဆုံးအကြိမ်တာဝန်ယူခွင့် ရမည်ဖြစ်သည်။ မာ့ခ်ဟုခ်ျသည် နည်းပြဘဝတွင် ဘလက်ဘန်း၊ မန်စီးတီး၊ ဖူလ်ဟမ်၊ ကျူပီအာနှင့် စတုတ်အသင်းများ ကိုကိုင်တွယ်ခဲ့ပြီး အက်ဖ်အေဖလား တတိယအဆင့်တွင် စတုတ္ထတန်း ကလပ်ကိုဗင်ထရီကိုရှုံးခဲ့ပြီးနောက် ဇန်နဝါရီလအတွင်း စတုတ်နည်းပြ အဖြစ်မှထုတ်ပယ်ခံရခြင်းဖြစ်သည်။
KKW
#democracytoday
Discussion about this post