အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားသည် လက်ရွေးစင်အသင်းနှင့် အချိန်နှစ်နှစ်ကြာဝေး ကွာနေခဲ့ပြီးနောက် နယ်သာလန်၊ အီတလီတို့နှင့်ကစားမည့် ခြေစမ်းပွဲများအတွက် အင်္ဂလန်အသင်းလူ စာရင်းတွင် တစ်ကျော့ပြန်ရွေး ချယ်ခြင်းခံခဲ့ရသည်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဝီလ်ရှိုင်းယားအနေဖြင့် ကြံ့ခိုင်မှုပြန်ရလာပြီး အာဆင်နယ်တွင် ပုံမှန်ကစားခွင့်ပြန်ရနေသည့်အတွက် ကျေနပ်မိပြီး အသင်း၏ ကွင်းလယ်တွင် ၎င်း၏နည်းစနစ် ဆိုင်ရာအရည်အသွေးများက အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
ဆောက်ဂိတ်သည် ယခုလူစာရင်းတွင် အင်္ဂလန်အတွက် တစ်ကြိမ်တစ်ခါမျှ ကစားဖူးခြင်းမရှိသော မျက်နှာသစ်ကစားသမား သုံးဦးကိုထည့်သွင်းရွေးချယ်ခဲ့ရာ ဘန်လေတွင်ပုံမှန်ကစားခွင့်ရနေ သော ဂိုးသမားနစ်ခ်ပုပ်၊ နောက်ခံလူ တာကောစကီးတို့နှင့်အတူ ဆွမ်ဆီးနောက်ခံလူမော်ဆင်ကိုပါ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်နှင့် ဝက်စ်ဟမ်းတို့တွင် ပွဲကစားခွင့်ပျောက်ဆုံးနေ သော တိုက်စစ်မှူးဝဲလ်ဘတ်နှင့် ဂိုးသမားဂျိုးဟတ်တို့ကို ရွေးချယ် ခဲ့သော်လည်း ချဲလ်ဆီးတွင် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသော ကာဟေးလ်မှာမူ ချန်လှပ်ခြင်းခံခဲ့ ရသည်။
KKW
#democracytoday
Discussion about this post