စပါးနည်းပြပိုချက်တီနိုက ပြိုင်ဘက်နည်းပြမော်ရင်ဟိုမှာ အကောင်းဆုံးနည်းပြများတွင် အပါအဝင်ဖြစ်နေဆဲဖြစ်ပြီး မော်ရင်ဟိုအနေဖြင့် ၎င်း၏အရည်အသွေးကို သက်သေ ပြနေရန်မလိုကြောင်း ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်းမရှိသည့်အပြင် ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီးနောက် မော်ရင်ဟို အပေါ်ဝေဖန်မှုများရှိနေသော်လည်း မော်ရင်ဟို၏အရည်အသွေးကို မေးခွန်းထုတ်စရာမလို ကြောင်း ပိုချက်တီနိုကဆိုခဲ့သည်။
ပိုချက်တီနိုက ”ကျွန်တော့်အမြင်မှာတော့ မော်ရင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေ ထဲမှာ အပါအဝင်ဖြစ်နေဆဲဖြစ်သလိုဒီအတွက် သက်သေပြနေစရာလည်းမလိုပါဘူး။ ကျွန် တော်တို့လိုပဲ ချန်ပီယံလိဂ်ကထွက်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီရာသီကမန်ယူအတွက် မဆိုးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ထက် အမှတ်ပိုရယူထား နိုင်တဲ့မန်ယူဟာ ပိုကောင်းတဲ့အသင်းလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူနဲ့ဒုတိယ မြောက်ရာသီမှာ အကောင်းဆုံးလုပ်ပြနိုင်တယ် လို့ကျွန်တော်ထင်ပါတယ်”ဟု ပြောခဲ့သည်။ ထို့အပြင် ပိုချက်တီနိုက မန်ယူနှင့်ကစားရမည့် အက်ဖ်အေဖလားဆီမီးပွဲစဉ်ကို မိမိတို့၏အိမ်ကွင်းဖြစ်သော ဝင်ဘလေတွင်ကစားရမည် ဖြစ်၍ အားသာချက်ရှိနေကြောင်း သုံးသပ်မှု များရှိနေသော်လည်း မန်ယူသည်လည်း ဝင်ဘ လေကွင်းတွင်ကစားဖူးသည့်အတွက် မိမိတို့ အတွက် အခွင့်အလမ်းပိုသာသည်ဟု မဆိုနိုင် ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင် စပါးကစားသမား ဟောင်းဆောင်းနက်စ်က စပါးအနေဖြင့် ဆုဖလားများနှင့်ဝေးကွာခြင်းကို အဆုံးမသတ်နိုင်ပါက ဟယ်ရီကိန်းကိုဆုံးရှုံးရနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ ဟယ်ရီကိန်းသည် စပါးတွင်ဆက်နေပြီး အလန်ရှီးယား၏ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို ချိုးဖျက်လိုကြောင်းပြောဆို ထားသော်လည်း ၎င်းကိုခေါ်ယူရန် ရီးရဲလ်ကစိတ်ဝင်စားနေရာ စပါးအနေဖြင့် ဆုဖလားများနှင့် ဝေးကွာနေဦးမည်ဆိုပါက ဟယ်ရီကိန်းကို လက်လွှတ်ရနိုင်ကြောင်း ဆောင်းနက်စ်ကသုံးသပ်ခဲ့သည်။ ဆောက်းနက်စ်က ”စပါးသာဆုဖလားလက်မဲ့ဖြစ်နေဦးမယ်ဆိုရင် အပြောင်းအလဲ တွေဖြစ်သွားနိုင်ပါတယ်။ ဆုဖလားတွေမရယူ နိုင်ဘူးဆိုရင် ဟယ်ရီကိန်းကိုသာမက တခြားကစားသမားတွေကိုပါဆုံးရှုံးရနိုင်ပြီး ပိုချက်တီနိုလည်းအထုတ်ခံရနိုင်ပါတယ်။ စပါးမှာ ပိုချက်တီနို အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ဆိုပေမယ့် အချိန်တန်ရင် ဆုဖလားရတယ်၊ မရဘူးနဲ့ပဲ တိုင်းတာခံရမှာပါ”ဟုဆိုခဲ့သည်။
KKW
#democracytoday
Discussion about this post