စီရော်နယ်ဒိုသည် ရီးရဲလ်အသင်း၏ဂိုးသွင်းစက်ဖြစ်သော်လည်း ဘိုင်ယန်အသင်းအနေ ဖြင့် ရီးရဲလ်အားကျော်ဖြတ်၍ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ကြောင်း ဘိုင်ယန်ကွင်း လယ်လူဂျိမ်းရိုဒရီဂွက်ဇ်က ကြုံးဝါးသွားခဲ့သည်။
ဂျိမ်းရိုဒရီဂွက်ဇ်သည် ရီးရဲလ်မှ ဘိုင်ယန်သို့ အငှားလာရောက်ကစားနေသူဖြစ်သော်လည်း ဘိုင်ယန်ကို ဗိုလ်လုပွဲတက်နိုင်ရန်ကူညီပေးသွားမည်ဟုဆိုသည်။ ဘိုင်ယန်သည် ဗုဒ္ဓဟူးညတွင် ရီးရဲလ်ကို အိမ်ကွင်းတွင်ဧည့်ခံရမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ကွာတားတွင်တွေ့ဆုံမှု၌ စီရော်နယ်ဒိုက နှစ်ကျော့ပေါင်း ငါးဂိုးသွင်းနိုင်ခဲ့သည်။
ယခုရာသီချန်ပီယံလိဂ်တွင်လည်း စီရော်နယ်ဒိုမှာ ပွဲတိုင်းဂိုးသွင်းယူနေသော်လည်း ဂျိမ်းရိုဒရီ ဂွက်ဇ်က ”ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးသွင်းစက်ဖြစ်တယ်ဆိုတာကို တစ်ကြိမ်ထက်မက သက်သေပြနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အခုပွဲမှာတော့ သူ့ကိုကျွန်တော်တို့ အကောင်း ဆုံးဟန့်တားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါ တယ်။ နှစ်ကျော့စလုံးတော့ သူအကောင်းဆုံး မလုပ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ ရီးရဲလ်ဆို တာက ရော်နယ်ဒိုတစ်ယောက်တည်း ရှိတာမဟုတ်ဘူးဆိုတာကို သိထားရပါ လိမ့်မယ်။ နေရာတိုင်းမှာ အကောင်းဆုံး ကစားသမားတွေရှိလို့ လွယ်ကူ မယ့်ကိစ္စတော့မဟုတ်ပါဘူး။ ရီးရဲလ် မှာ ကျွန်တော် သုံးနှစ်ကစားခဲ့တယ် ဆိုပေမယ့် လက်ရှိအချိန်မှာကစားနေ တဲ့အသင်းအကြောင်းကိုပဲ အာရုံစိုက်ထားပါ တယ်။ ကျွန်တော့်အရည်အချင်းနဲ့ အသင်းကို ဗိုလ်လုပွဲရောက်အောင် ကူညီချင်ပါတယ်”ဟု ဆိုသည်။
အလားတူ ဘိုင်ယန်အသင်းနောက်ခံလူ ဘိုတန်ကလည်း ရီးရဲလ်အသင်း၏ ပါဝါ ၅ဝ ရာခိုင်နှုန်းမှာ စီရော်နယ်ဒိုဖြစ်သည်ဟု သတိ ပေးစကားဆိုခဲ့သည်။ ဘိုတန်က ”ရော်နယ်ဒိုဟာ အကောင်းဆုံးဖန်တီးနိုင်စွမ်းရှိသလို သူဟာ ဂိုးရှေ့မှာ ကြောက်စရာ အကောင်ဆုံးဂိုးသွင်း စက်ဖြစ်ပါတယ်။ သူ့ကိုဟန့်တားနိုင်ပြီးမှ ကျွန် တော်တို့အတွက် အကောင်းဆုံးအချိန်ကို အသုံးချနိုင်ဖို့လိုအပ်ပါတယ်”ဟု ပြောကြားသွား ခဲ့သည်။
WKM
#democracytoday
Discussion about this post