မန်ယူကွင်းလယ်လူ ဖယ်လိုင်နီသည် အသင်းနှင့် စာချုပ်သက်တမ်တိုးရန် နီးစပ် နေသော်လည်း ¤င်းကစာချုပ် သက်တမ်းအနည်းဆုံး နှစ်နှစ် ချုပ်ဆိုရန် တောင်းဆိုထား ကြောင်းသိရသည်။
ပြီးခဲ့သည့်အာဆင်နယ် နှင့်ပွဲတွင် မန်ယူအသင်းအ တွက် အနိုင်ဂိုးသွင်းယူပေးနိုင် ခဲ့ပြီးနောက် နည်းပြမော်ရင် ဟိုက ဖယ်လိုင်နီနှင့် စာချုပ် သက်တမ်းတိုးရန်နီးစပ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
သို့ရာတွင် ဖယ်လိုင်နီ သည် စာချုပ်သစ်အတွက်ဆွေး နွေးရာတွင် အနည်းဆုံးစာချုပ် သက်တမ်း နှစ်နှစ်ချုပ်ဆိုရန် တောင်းဆိုထားခြင်းကြောင့် ဆွေးနွေးမှုများထပ်မံပြုလုပ် ရန်လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။
အသက် ၃ဝ အရွယ် ဖယ်လိုင်နီသည် တစ်ပတ် လုပ်ခလစာ ပေါင် ၈ဝဝဝဝ ဖြင့်ချုပ်ဆိုထားသော လက်ရှိ စာချုပ်မှာ လာမည့်ဇွန်လတွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ¤င်း အား တူရကီ၊ အီတလီနှင့် ပရီးမီးယားလိဂ်အသင်းအချို့ က ခေါ်ယူရန်စောင့်ကြည့်နေ ကြကြောင်းသိရသည်။
Discussion about this post