လီဗာပူးနည်းပြကလော့ပ်က အသင်းအနေဖြင့် တစ်ရာသီလုံး အားထုတ်ခဲ့သည်ဖြစ်ရာ ဘရိုက်တန်ကိုအနိုင်ယူပြီး အသင်းနှင့်ထိုက်တန်သော ချန်ပီယံလိဂ်ဝင်ခွင့်ကို မဖြစ်မနေရယူသွားရန်လိုအပ်ကြောင်း အသင်းသားများအား တိုက်တွန်းပြော ကြားခဲ့သည်။
လီဗာပူးသည် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် သေချာသလောက် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲများတွင် ခြေစွမ်းမတည်ငြိမ်ခဲ့သည့်အတွက် နောက်ဆုံးပွဲစဉ်တွင် ဘရိုက်တန်ကို မရှုံးရန်လိုအပ် နေရာ လက်တစ်ကမ်းအကွာမှ အခွင့်အရေးကို မဆုံးရှုံးရစေရန် ကလော့ပ်က သတိပေးခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့နဲ့ထိုက်တန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးခြေလှမ်းကို သေချာလှမ်းနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့က ဒီအခွင့်အရေးကို အရမယူနိုင်ဘူးဆိုရင် ချဲလ်ဆီးက ရယူသွားမှာပါ။ ဘရိုက်တန်ကိုအနိုင်ယူ ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို မဖြစ်မနေရယူသွားရမှာပါ”ဟု ပြော ကြားခဲ့သည်။
KKW
#democracytoday
Discussion about this post