ဂျာမနီအသင်းဆိုတာက လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံအသင်း၊ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်သလို သူတို့ရဲ့ လေ့ကျင့်ရေးကွင်း ကလည်း ကမ္ဘာ့အကောင်းဆုံးထဲက တစ် ခုဖြစ်နေမှာတော့အမှန်ပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုနေတဲ့အထိ စုံလင်လွန်း လှတဲ့ သူတို့လေ့ကျင့်ရေးကွင်းက ဝေဖန်စ ရာကောင်းလှအောင် ပြီးပြည့်စုံနေတာပါ။
ဂျာမနီအသင်းအကြောင်း ပြောရ ရင် ပြင်ဆင်မှုအားကောင်းပြီး ရေတို၊ ရေ ရှည်စီမံကိန်းတွေနဲ့ စီမံတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါကလည်း ဘောလုံးအသင်း တစ်ခုတည်းမှ မဟုတ်ပါဘူး။ ဂျာမနီနိုင်ငံ ရဲ့ အားကစားနည်းတိုင်းမှာ အဲဒီလိုပြင် ဆင်မှုတွေရှိနေခဲ့တာပါ။ အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံးကို ပြပါဆိုပြီး လွန်ခဲ့တဲ့ လေးနှစ် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ အောင်မြင်မှုရဖို့အ တွက် ကိုယ်ပိုင်လေ့ကျင့်ရေးစခန်းကို တည် ဆောက်ခဲ့ပါတယ်။ အခြားအသင်းတွေလို ဟိုတယ်မှာ မတည်းဘဲ ကိုယ်ပိုင်လေ့ကျင့် ရေးကွင်းနဲ့ ကစားသမားတွေနေထိုင်ဖို့ အခန်းတွေကိုပါ တက္ကသိုလ်တစ်ခုရဲ့ မြေ ဌားရမ်းပြီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
အခုလည်း ဂျာမနီအသင်းဟာ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံဘွဲ့ ကိုကာကွယ်ဖို့ အများနဲ့မတူတဲ့ လေ့ကျင့် ပြင်ဆင်မှုတွေပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ အသင်းအများစုက အများမြင်တွေ့နိုင်တဲ့လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေကြ ပြီဖြစ်ပေမယ့် ဂျာမနီအသင်းကတော့ အီ တလီနိုင်ငံမြောက်ပိုင်းက အက်ပန်ဆိုတဲ့ တောင်ပေါ်မြို့လေးမှာ လေ့ကျင့်နေတာ ပဲဖြစ်ပါတယ်။ သူတို့လေ့ကျင့်တဲ့ကွင်းက အီတလီစီးရီးစီကလပ် ဆူတီရိုလ်အသင်း ရဲ့ အိမ်ကွင်းဖြစ်ပါတယ်။ လက်ရှိအမြင် မှာတော့ စီးရီးစီအသင်းတစ်သင်းရဲ့ လေ့ ကျင့်ရေးကွင်းက အဲဒီလောက်ထိ ခမ်းနား သလားလို့မေးစရာရှိပါလိမ့်မယ်။ အကောင်း စား မြက်ခင်းထားတဲ့ ကွင်းနှစ်ကွင်းနဲ့ မြက်ခင်းတုခင်းထားတဲ့ ကွင်းတစ်ခုပါဝင် ပြီး ကြံ့ခိုင်ရေးရုံ၊ ပြန်လည်ထူထောင်ရေးရုံ စတာတွေအပြင် ဇိမ်ခံပစ္စည်းပေါင်း များ စွာပါတဲ့ လေ့ကျင့်ရေးအသုံးအဆောင် ပစ္စည်းတွေအတွက် ဂျာမနီဘောလုံးအဖွဲ့ ချုပ်က ယူရိုငွေ ၈ ဒသမ ၃၄ သန်း အကုန် ကျခံပြီး ပြင်ဆင်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေ နေထိုင်ဖို့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ လုံးချင်း ဟိုတယ် ၃၉ လုံးကို ခြောက်လအတွင်း တည်ဆောက်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘောလုံးအသင်း တစ်သင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပရိ သတ်တွေနဲ့ တွေ့ဆုံမယ့်နေရာ၊ မီဒီယာ တွေနဲ့တွေ့ဆုံဖို့ နေရာဆိုပြီးသီးသန့်နေရာ လုပ်ပေးထားတတ်ပေမယ့် ဂျာမနီအသင်း ရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ ကစားသ မားတွေစီးနင်းလာတဲ့ကားကို မြင်လိုက်ရ ရုံမှအပ ကစားသမားတွေနဲ့ မြင်တွေ့ခွင့် ရမှာမဟုတ်ပါဘူး။ ပရိသတ်တွေအနေနဲ့ စင်ပေါ်ကကြည့်မယ်ဆိုရင်တောင် ဂျာမနီ အသင်းလေ့ကျင့်မှုကို ခပ်ဝေးဝေးကသာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဂျာမနီအသင်း ရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်ခွင့်ရတဲ့ ဂျာမန် Sport 1 ရုပ်သံ လိုင်းက တစ်ရက်တာတိုက်ရိုက်ထုတ်လွှင့်ခွင့်ရဖို့ ယူရိုတစ်သိန်းကျော်ကုန်ကျ တယ်လို့ ဆိုပါတယ်။ ဂျာမနီအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ကောင်း မွန်လှသလို လျှို့ဝှက်လွန်းသလို ဖြစ်နေ ပေမယ့် အသင်းမန်နေဂျာ ဘီယာဟော့ဖ် ကတော့ လေ့ကျင့်ရေးကွင်းကို ထင်သာ မြင်သာရှိဖို့ က အခြေအနေအရသာ ဆုံး ဖြတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
TRA
Democrcaytoday
Discussion about this post