လီဗာပူးတောင်ပံကစားသမား ဆာလက်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရရှိခဲ့သောပခုံးဒဏ်ရာကို ဆေးကုသမှုခံယူရန်အတွက် စပိန်နိုင်ငံသို့သွားရောက် မည်ဖြစ်ကြောင်းသိရသည်။ စပိန်နိုင်ငံသို့ ဆာလက် ဆေးသွားကုမည်ကို အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ဆာလက်သည်ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၄၄ ဂိုးဖြင့်ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်အသင်းခေါင်း ဆောင်နှင့် ဆာလက်ထိခိုက်မိကာ ပခုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဒဏ်ရာရရှိခဲ့သော်လည်း အီဂျစ်အသင်းနှင့် ကမ္ဘာ့ဖလားပါဝင်ကစားခွင့်ရရှိရန် ယုံကြည်မှုအပြည့် အဝရှိနေကြောင်း ၎င်း၏တွစ်တာစာမျက်နာပေါ်တွင် ထုတ်ဖော်ရေးသားခဲ့ပြီး အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အသင်းဆေးဆရာဝန်နှင့် လီဗာပူးဆေးအဖွဲ့ခေါင်းဆောင်တို့လိုက်ပါသွားမည်ဟုသိရသည်။ ”ဆာလက်ဟာ မကြာခင်မှာ စပိန်မှာဆေးကုသမှုခံယူတော့မှာဖြစ်ပါတယ်။ သူဟာအသင်းနဲ့ ပြန်ကစားနိုင်ဖို့စိတ်ဓာတ်အင်အား အပြည့်ရှိနေပြီး ပြန်ကစားနိုင်လိမ့်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဟု အီဂျစ်ဘောလုံးဝက်ဘ်ဆိုက်မှဖော်ပြထားသည်။
KKW
#democracytoday
Discussion about this post