အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန် ၌ တစ်မှတ်သာရရှိထားပြီး နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် မှေးမှိန်နေသောကြောင့် မက်ဆီအပါအဝင် အာဂျင်တီးနားကစား သမားအများစုသည် နည်းပြဆမ် ပါအိုလီအားရာထူးက ထုတ်ပယ် ပေးရန် အာဂျင်တီးနားဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် နိုင်ဂျီးရီးယားကိုအနိုင်ရမှသာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မည် ဖြစ်သောကြောင့် ဆမ်ပါအိုလီကို ထုတ်ပယ်ကာ ခေါင်းဆောင်နိုင်မည့် နည်းပြသစ်တစ်ဦးခန့်အပ်ပေးရန် သောကြာနေ့က အသင်းတည်းခို ရာဟိုတယ်၌ နည်းပြအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ဥက္ကဌကလော်ဒီတိုပီယာတို့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ကစားသမားများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကစားသမားအများစုက လက်ရှိအသင်းတွင် အထွေထွေမန် နေဂျာအဖြစ်ဆောင်ရွက်နေသည့် ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားဟောင်း ဘာရူချာဂါအား ဆမ်ပါအိုလီ၏နေရာတွင် အစားထိုးရန်ဆန္ဒရှိနေကြသည်။
”ကစားသမားတွေက နိုင်ဂျီးရီးယားနဲ့ပွဲမှလူစာရင်းကို သူတို့ဖာသာရွေးချယ်ချင်ကြတယ်။ နည်းပြဆမ်ပါအိုလီအနေနဲ့လည်း ဆန္ဒရှိရင် အသင်းရဲ့နည်းပြထိုင်ခုံမှာ လာထိုင်လို့ရတယ်။ ဒါပေမယ့် အဖွဲ့ချုပ် ကခွင့်မပြုဘူး”ဟု အထွေထွေမန် နေဂျာဘာရူချာဝါနှင့်နီးစပ်သူ မိတ် ဆွေ ဂူစတီကပြောခဲ့သည်။
KKW
#democracytoday
Discussion about this post