• About Us
  • Advertise
  • Careers
  • Contact Us
Tuesday, December 10, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ဘရာဇီးအသင်းအား ကွင်းလယ်ဒိုင်မှ မျက်နှာသာပေးခဲ့ဟု မက္ကဆီကိုနည်းပြ အိုဆိုရီယို စွပ်စွဲ၊ တောင

by M Bwe
June 13, 2019
in Sport
1 min read
0
0
SHARES
11
VIEWS
Share on FacebookShare on Twitter

RelatedPosts

အခက်အခဲများ ရှိနေသော်လည်း ချန်ပီယံလိဂ်အတွက် ချဲလ်ဆီးပြင်ဆင်ထား

August 30, 2019

ကာရင်တန်လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် ပေါ့ဘာထွက်သွားရန် တောင်းဆိုမှုဖြစ်ပွား

August 30, 2019

Carabao Cup  တတိယအဆင့် မဲခွဲမှုများ ထွက်ပေါ်လာ

August 30, 2019

အမ်ဘာပီ တစ်လနားရမည်ဖြစ်၍ ပီအက်စ်ဂျီ တိုက်စစ်အင်အားနည်းနေ

August 28, 2019

ဘရာဇီးအား ရှုံးနိမ့်ခဲ့သောပွဲတွင် ကွင်းလယ်ဒိုင်သည် ဘရာဇီးကစားသမားများအား မျက်နှာသာ ပေးခဲ့ကြောင်း မက္ကဆီကိုနည်းပြ အိုဆိုရီယိုက စွပ်စွဲပြောကြားလိုက်သည်။ အဆိုပါပွဲတွင် မက္ကဆီကိုအသင်းသည် ဘရာဇီးအား နေမာ၊ ဖာမီနိုတို့၏သွင်းဂိုးများဖြင့် နှစ်ဂိုး ပြတ်ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်မှထွက်ခဲ့ရသည်။ ထိုသို့ပြိုင်ပွဲမှထွက်ခဲ့ရပြီးနောက် မက္ကဆီကိုနည်းပြအိုဆိုရီယိုက ကွင်းလယ်ဒိုင်ဂီယန်လူကာရော့ချီမှာ ဘရာဇီးအသင်းအား မျက်နှာပေး ကာကွယ်ခဲ့သည်ဟု ဝေဖန်စွပ်စွဲပြောခဲ့ခြင်းဖြစ်သည်။

အိုဆိုရီယိုက ”ကျွန်တော့်အ မြင်ပြောရရင် ဒိုင်လူကြီးတွေဟာ ဘရာဇီးအသင်းကို မျက်နှာသာပေးခဲ့ကြတယ်လို့ ထင်ပါတယ်။ ဘရာဇီး ကစားသမားတွေက ထိလိုက်တာနဲ့ အမြဲတမ်းပြစ်ဒဏ်ဘောရဖို့ကိုပဲ မျှော်လင့်နေကြတာပါ။ ဒိုင်လူကြီးက သူတို့ကို အမြဲတမ်းကာကွယ်ပေးခဲ့တယ်။ ဒိုင်လူကြီးက ဘရာဇီးအ သင်းဘက်ကနေ တော်တော်လေး ပါနေခဲ့တယ်လို့ထင်ပါတယ်”ဟု စွပ်စွဲ ပြောဆိုခဲ့သည်။ ထို့အပြင် အိုဆိုရီယိုက အဆိုပါ ပွဲတွင် ဘရာဇီးတိုက်စစ်မှူးနေမာ မကြာခဏလှဲချနေခဲ့ခြင်းကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။

”ကစားသမားတစ်ယောက် ကြောင့် ကျွန်တော်တို့တွေ အချိန်တွေ ကုန်ခဲ့ရတာ အရမ်းရှက်ဖို့ကောင်းပါတယ်။ ဘောလုံးလောကမှာ အဲဒီလိုဖြစ်ရပ်တွေရှိနေတာကိုက ရှက်ဖို့ကောင်းနေပါတယ်။ ဒုတိယပိုင်းမှာ ကွင်းလယ်ဒိုင်က ပွဲကို မကြာခဏရပ်နေခဲ့လို့ ကျွန်တော်တို့အသင်း ကစားပုံ ပျောက်ဆုံးခဲ့ရခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျွန်တော့် ကစားသမားတွေ ပိုပင်ပန်းခဲ့ကြတယ်” ဟု ပြောသွားခဲ့သည်။

ဘရာဇီးအသင်းသည် မက္ကဆီကိုအား အနိုင်ရရှိခဲ့ခြင်းကြောင့် ကွာတားဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ဘရာဇီးအသင်းခေါင်းဆောင် သီယာဂိုဆေးဗားက တောင့်တင်းသည့်ဘယ်လ်ဂျီယံအသင်းကိုရင်ဆိုင်ရန် အကောင်းဆုံးပြင်ဆင်သွားမည်ဟုဆိုသည်။  သီယာဂိုဆေးဗားက ”ဘယ်လ်ဂျီယံဟာ ကြံ့ခိုင်မှုရော၊ နည်းစနည်းပိုင်းအရပါ ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။ အဲဒီပွဲဟာ ပွဲကြီးပွဲကောင်းပါ။ ကျွန်တော်တို့ဘရာဇီးအသင်းက ဗိုလ်စွဲဖို့ရေပန်းစားနေပေမယ့် ပွဲတိုင်းကို အကောင်းဆုံးကစားနိုင်မှ မျှော်လင့်ထားသလိုဖြစ်လာမှာပါ”ဟု ပြောသွားခဲ့သည်။

KKW

#democracyotoday

Previous Post

ဟန်းဆက်ဖိုးငွေ ကျပ်သိန်း တစ်ထောင်ကျော် ရလိုကြောင်း တရားစွဲဆိုမှု ဥပဒေနှင့်အညီ ရင်ဆိုင်သွား

Next Post

ဂရိနောက်ခံလူ ဆိုကရေးတစ် ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ခဲ့

M Bwe

Related Posts

Sport

အခက်အခဲများ ရှိနေသော်လည်း ချန်ပီယံလိဂ်အတွက် ချဲလ်ဆီးပြင်ဆင်ထား

August 30, 2019
Sport

ကာရင်တန်လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် ပေါ့ဘာထွက်သွားရန် တောင်းဆိုမှုဖြစ်ပွား

August 30, 2019
Sport

Carabao Cup  တတိယအဆင့် မဲခွဲမှုများ ထွက်ပေါ်လာ

August 30, 2019
Sport

အမ်ဘာပီ တစ်လနားရမည်ဖြစ်၍ ပီအက်စ်ဂျီ တိုက်စစ်အင်အားနည်းနေ

August 28, 2019
Sport

ဒဏ်ရာကြောင့် ရီးရဲလ်မှ ဂျိမ်းရိုဒရီဂွက်ဇ် ထွက်ခွာရေး အဆုံးသတ်ဖွယ်ရှိ

August 28, 2019
Sport

အသင်းနှင့်ပွဲဦး ထွက်တွင် ဂိုးသွင်းယူခဲ့သော လူကာကူကို ကွန်တီချီးကျူး

August 28, 2019
Next Post

ဂရိနောက်ခံလူ ဆိုကရေးတစ် ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ခဲ့

Discussion about this post

Connect with us

ADVERTISEMENT

Recommended

အင်ဂျလီနာဂျိုလီက အမျိုးသမီး အားလုံးအတွက် မျိုးဗီဇ စမ်းသပ်မှု ခံယူ

2 years ago

ဒေါပုံ တံတားသစ်ပေါ်မှ ယာဉ်များကို ယာယီ ဖြတ်သန်းခွင့်ပြုပြီ

1 year ago

စိစစ်ပြီး ဘင်္ဂါလီ ၁ဝဝဝ ကျော်ကို အချိန်မရွေး ပြန်လက်ခံရန် အဆင်သင့်ရှိဟု ပြည်ထောင်စုဝန်ကြီး ဆ

2 years ago

လမ်းသားပြတ်ကျခဲ့သော မလွှဲတောင်လမ်းပိုင်း ဘေလီတံတားထိုးရန်ပြင်ဆင်၊ ဩဂုတ် ၁၆ ရက်တွင် ကားငယ်များဖြတ်သန်းသွားလာနိုင်မည်

4 months ago

မန္တလေးမြို့တွင် ပန်းပုနည်းပြဆရာ၊ ဆရာမခုနစ်ဦး စုပေါင်း၍ ခေတ်ပြိုင် ပန်းပုပြပွဲ ပြသ

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    0 shares
    Share 0 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
  • မိုးကုတ်မြို့သို့ သွားရောက် လည်ပတ်သည့် ပြည်ပခရီးသွားများအား မြို့ပေါ်၌သာ လည်ပတ်ခွင့်ပြုခဲ

    0 shares
    Share 0 Tweet 0
  • ဖလမ်းမြို့၌ တည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်း၌ ၂ဝ၂ဝ စက်တင်ဘာလတွင် လေယာဉ် ဆင်းသက်နိုင်တော့

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.