အေစီမီလန်တိုက်စစ်မှူး ကာ လီနစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယနေရာရခဲ့ခြင်းကြောင့် ဘော လုံးအဖွဲ့ချုပ်တာဝန်ရှိသူများက ၄င်းကို ဆုတံဆိပ်ပေးခဲ့သော်လည်း လက်ခံရန်ငြင်းဆန်ခဲ့သည်။
ကာလီနစ်သည် နိုင်ဂျီးရီးယား ကို ၂-ဝ ဖြင့်အနိုင်ရခဲ့သောအဖွင့် ပွဲတွင် လူစားဝင်ကစားရန်ငြင်းဆန် ခဲ့ခြင်းကြောင့် နည်းပြဒါလစ်က လူစာရင်းမှထုတ်ပယ်ကာ အိမ်ပြန် ပို့ခဲ့ခြင်းဖြစ်သည်။
ခရိုအေးရှားသည် ယင်းနောက် တွင် အုပ်စုဗိုလ်အဖြစ် နောက်တစ် ဆင့်တက်ခဲ့သလို ဒိန်းမတ်၊ ရုရှား နှင့် အင်္ဂလန်တို့ကိုအနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ သော ပြင်သစ်ကို ၄-၂ ဖြင့်ရှုံးနိမ့်ခဲ့သည်။ ဒုတိယရခဲ့ခြင်းကြောင့် ရရှိ လာသောဆုတံဆိပ်ကို ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ကာလီနစ်ကို ပေးခဲ့သော်လည်း အသင်းအတွက် တစ်ပွဲမျှကစားခဲ့ခြင်းမရှိသဖြင့် ဆု တံဆိပ်ကိုအလိုမရှိဟု ကာလီနစ်က ပြောဆိုခဲ့ကြောင်း ခရိုအေးရှား မီဒီယာများက ဖော်ပြခဲ့သည်။
Discussion about this post