လီဗာပူးကွင်းလယ်လူ ဝီနယ်ဒန်သည် မာရီဘောနှင့်ကစား ခဲ့သော ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်တွင်ရရှိခဲ့သည့် ခြေ ချင်းဝတ်ဒဏ်ရာကြောင့် လာမည့်စနေနေ့တွင် ရင်ဆိုင်ကစား ရန်ရှိနေသော ဝက်စ်ဟမ်းနှင့်ပွဲကို လွဲချော်ရဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ဝီနယ်ဒန်သည် ပွဲချိန်ပထမပိုင်း ၌ပင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ¤င်း၏ဒဏ်ရာအခြေအနေနှင့်ပတ် သက်၍ နည်းပြကလော့ပ်က ”ပထမပိုင်းအပြီး သူ့ဒဏ်ရာကိုကြည့် တော့ အတော်လေးဆိုးရွားနေတာကိုတွေ့ရတယ်။ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး”ဟု ဆိုသည်။
အဆိုပါဒဏ်ရာအတိမ်အနက်ကို ဓာတ်မှန်ရိုက်စစ်ဆေးရမည် ဖြစ်ပြီး လာမည့်စနေနေ့တွင်ရင်ဆိုင်ကစားရမည့် ဝက်စ်ဟမ်းနှင့်ပွဲကို လွဲချော်ရဖွယ်ရှိနေခြင်းဖြစ်သည်။ ဝက်စ်ဟမ်းနှင့်ပွဲကို ဝီနယ်ဒန်အပြင် ကွင်းလယ်လူကော်တင်ဟိုလည်း လွဲချော်ဦးမည်ဖြစ်သည်။
KKW, DemocracyToay
Discussion about this post