မန်ယူနည်းပြမော်ရင်ဟိုက မန်စီးတီးကို အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်နှင့် ၁၂ မှတ် အထိကွာဟသွားခဲ့သော်လည်း အသင်း၏ကစားပုံမှာ ဆိုးရွားနေ သည်မဟုတ်ခြင်းကြောင့် တန်းမဆင်းရနိုင်ဟု ယုံကြည်ကြောင်း ဝေဖန်မှုများအား တုံ့ပြန်ခဲ့သည်။ မန်ယူသည် မန်ချက်စတာ ဒါဘီတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် ဇယားထိပ်မှ မန်စီးတီးနှင့် သာမက အဆင့်-၁၈နေရာမှ ကာ ဖစ်ဖ်နှင့်ပါ ၁၂မှတ်ကွာဟနေပြီး ချန်ပီယံဆုကို စိန်ခေါ်ရန်မဖြစ်နိုင် သောအနေအထားအတွက် ဝေ ဖန်မှုများရှိနေရာ မော်ရင်ဟိုက ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ”အသင်းအ နေနဲ့ တန်းဆင်းရမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီး ဟာ ရာသီအစမှာခြေစွမ်းကောင်း ခဲ့သလို အခုလည်းကောင်းနေဆဲ ပါပဲ။ ပွဲကိုသေချာကြည့်မယ်ဆိုရင် မိနစ် ၈ဝ အထိ ဘာမဆိုဖြစ်နိုင်တာ တွေ့ရမှာဖြစ်ပြီး ၃-၁ ဂိုးဖြစ်မှသာ ပရိသတ်တချို့ပြန်သွားကြတာပါ။ တစ်ပတ်အတွင်းမှာ မန်စီးတီးက အိမ်ကွင်းသုံးပွဲကစားခဲ့ရချိန်မှာ ကျွန်တော်တို့အသင်းကတော့ အ ဝေးကွင်းသုံးပွဲကစားခဲ့ရပါတယ်။ ကြားရက်ထဲမှာ မန်စီးတီးက ၆-ဝ နဲ့ အသာအယာအနိုင်ရခဲ့ပေမယ့် ကျွန်တော်တို့ကစားခဲ့ရတဲ့ဂျူဗင် တပ်နဲ့ပွဲက ဗိုလ်လုပွဲတစ်ပွဲလိုဖြစ် ခဲ့ပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ ပင် ပန်းနွမ်းနယ်ခဲ့ရပါတယ်။ အသင်း ရဲ့ခြေစွမ်းကို သုံးသပ်ရရင် အမှား တချို့ရှိခဲ့တာမှန်ပေမယ့် ဆိုးရွား တဲ့ခြေစွမ်းမျိုးတော့မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့အပြင် မော်ရင်ဟိုက ကွင်း လယ်လူပေါ့ဘာ၏ ဒဏ်ရာအခြေ အနေက နည်းစနစ်ပိုင်းကိုအပြောင်း အလဲဖြစ်စေခဲ့ပြီး အစောပိုင်းက လူစားဝင်အဖြစ်သာ ဝင်ရောက် ကစားရန် စီစဉ်ထားသော ဖယ် လိုင်နီကို ပွဲချိန်ပြည့်အသုံးပြုခဲ့ရ ကြောင်း ပြောကြားခဲ့သည်။ ပေါ့ဘာသည် လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ရပြီးနောက် မန်စီးတီးနှင့်ပွဲအမီ ကြံ့ခိုင်မှုမပြည့် ဝသည့်အတွက် မော်ရင်ဟိုအနေ ဖြင့် ကွင်းလယ်တွင် ဟာရဲရား၊ မာတစ်နှင့် ဖယ်လိုင်နီတို့ကို အသုံးပြုခဲ့ရပြီး နည်းစနစ်ပိုင်း ပြောင်းလဲမှုများကလည်း သက် ရောက်မှုရှိခဲ့ကြောင်း မော်ရင် ဟိုက ပြောကြားခဲ့သည်။
မော်ရင်ဟိုက ”ရှုံးပွဲတွေ့ ပြီးမှ ဒီပွဲမှာမပါတဲ့ကစားသ မားတစ်ဦးအကြောင်းကို ကျွန် တော်မပြောချင်ပါဘူး။ ဖယ် လိုင်နီဟာ မိနစ် ၉ဝ အပြည့် ဝင်ကစားဖို့ အသင့်မဖြစ်သေး ပေမယ့် ပေါ့ဘာကြောင့် သူ့ နေရာမှာ ပွဲချိန်ပြည့်ဝင်က စားခဲ့ရပါတယ်။ ဖယ်လိုင်နီ ရဲ့အားထုတ်မှုက မဆိုးပေမယ့် ပွဲချိန်ပြည့်ကစားဖို့တော့ မသင့် တော်သေးပါဘူး။ တကယ်လို့ ပွဲပြီးခါနီး မိနစ် ၂ဝ လောက်မှ သာ ဝင်ကစားခဲ့မယ်ဆိုရင် ဖယ်လိုင်နီက ပိုပြီးအကျိုးရှိစေ နိုင်ပါတယ်”ဟု ဆိုခဲ့သည်။
KKW
#democracytoday
Discussion about this post