HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကွင်းအတွင်းပြေးဝင် အောင်ပွဲခံခြင်းအတွက် ကလော့ပ် စွဲချက်တင်ခံရ

ကွင်းအတွင်းပြေးဝင် အောင်ပွဲခံခြင်းအတွက် ကလော့ပ် စွဲချက်တင်ခံရ

လီဗာပူးနည်းပြကလော့ပ်သည် အဲဗာတန်နှင့်ပွဲတွင် တိုက် စစ်မှူးအိုရီဂီက နောက်ကျအနိုင် ဂိုးသွင်းယူခဲ့ချိန်တွင် ကွင်းအတွင်း ပြေးဝင်ကာ အလွန်အကျွံအောင် ပွဲခံခဲ့ခြင်းကြောင့် အက်ဖ်အေ၏စွဲ ချက်တင်ခြင်းကိုခံခဲ့ရသည်။ ကလော့ပ်သည် နာကျင်အချိန် ပိုတွင် အိုရီဂီ၏ ဂိုးသွင်းယူနိုင်ခဲ့ချိန် ၌ နည်းစနစ်ဧရိယာမှ ကွင်းအ တွင်းရှိ ဂိုးသမားအလစ်ဆန်ရှိရာ သို့ အပြေးသွားရောက်ကာ အလွန် အကျွံအောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် စွဲချက်တင်ခံရခြင်း ဖြစ်ကာ ကြာသပတေးနေ့ ဒေသစံ တော်ချိန် ၆နာရီနောက်ဆုံးထား ကာ ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။

ယခင်က မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ ဆောက်သမ်တန်နှင့် ပွဲတွင် နောက်ကျဂိုးသွင်းယူနိုင်ခဲ့ ချိန်၌ အလားတူအောင်ပွဲခံခြင်း မျိုးပြုလုပ်ခဲ့သော်လည်း အရေးယူ ခံရခြင်းမှ လွတ်မြောက်ခဲ့ရာ က လော့ပ်အနေဖြင့် ယခုကဲ့သို့စွဲချက် တင်ခံရသော်လည်း ပွဲပယ်ခံရ သည် အထိမဖြစ်နိုင်ဘဲ ဒဏ်ရိုက် ခံရခြင်းနှင့် သတိပေးခံရခြင်းသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြ သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top