HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အက်ဖ်အေဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ ချဲလ်ဆီးနှင့် ဖောရက်စ်တွေ့ဆုံ

အက်ဖ်အေဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ ချဲလ်ဆီးနှင့် ဖောရက်စ်တွေ့ဆုံ

အက်ဖ်အေဖလားတတိယ အဆင့်ပွဲစဉ်များကို ထုတ်ပြန်ကြေ ညာခဲ့ရာ လက်ရှိချန်ပီယံချဲလ်ဆီး အသင်းမှာ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်ကို အိမ် ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ် ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ကလပ်အ သင်းများ စတင်ပါဝင်လာမည့် အက်ဖ်အေဖလားတတိယအဆင့် ပွဲစဉ်များကို လာမည့်နှစ် ဇန်နဝါရီ လ၄ ရက်မှ ၇ရက်အတွင်းကျင်းပ သွားမည်ဖြစ်ပြီး ယမန်နှစ်က တ တိယအဆင့်တွင် အာဆင်နယ်ကို ဖြုတ်ချခဲ့သောနော်တင်ဟမ်ဖော ရက်စ်မှာ လက်ရှိချန်ပီယံချဲလ်ဆီး နှင့်တွေ့ဆုံရမည်ဖြစ်သည်။

ယခုအဆင့်တွင် ပရီးမီးယား လိဂ်အသင်းအချင်းချင်းတွေ့ဆုံ သောပွဲနှစ်ပွဲသာရှိပြီး ဝုလ်ဗာဟမ် တန်နှင့်လီဗာပူး၊ ဘုန်းမောက်နှင့် ဘရိုက်တန်ပွဲများဖြစ်ပြီး ပရီးမီး ယားလိဂ်ထိပ်သီးများတွင် မန်စီး တီးမှာ ရိုသာဟမ်၊ စပါးမှာဆောက် ပို့၊ မန်ယူမှာ ရီးဒင်းအသင်းများ နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top