HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြည်တွင်း ကစားသမားလေးဦး ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြည်တွင်း ကစားသမားလေးဦး ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၎

ရှမ်းယူနိုက်တက် အသင်းကစားသမား အပြောင်းအရွှေ့ကာ လတွင် ပြည်တွင်းကစားသမားလေးဦးခေါ် ယူမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် မကွေး အသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမား နန္ဒကျော်၊ မကွေးအသင်း ကစားသမား ဟောင်း ဆက်ဖြိုးဝေ၊ ရတနာပုံအသင်း ကစားသမားဟောင်း ရဲရင့်ထွန်း၊ စစ်ကိုင်း ယူနိုက်တက်ကစားသမားဟောင်း ပြည့်စုံ အောင်တို့ကို ခေါ်ယူခဲ့ပြီဖြစ်သည်။

နန္ဒကျော်၊ ဆက်ဖြိုးဝေ၊ ရဲရင့်ထွန်း တို့ကို နှစ်နှစ်သက်တမ်းရှိ စာချုပ်ဖြင့်ခေါ် ယူခဲ့သော်လည်း ပြည့်စုံအောင်ကို သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ နန္ဒ ကျော်သည် မကွေးအသင်း၏ ငယ်မွေးခြံ ပေါက်ကစားသမားဖြစ်ပြီး ယူ- ၁၉ လက် ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဆက်ဖြိုးဝေက ယူ-၂၃ လက်ရွေးစင်အသင်းတွင် ပါဝင် ကစားခဲ့သည့် ကစားသမားဟောင်းတစ် ဦးဖြစ်သည်။


ရဲရင့်ထွန်းက ၂ဝ၁၆ ခုနှစ်တွင် ရတနာ ပုံစီနီယာအသင်း၌ ပါဝင်ကစားခဲ့ပြီး အ မှတ်ပေးချန်ပီယံဆုဖလားကို ရတနာပုံအ သင်းနှင့်ရယူခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ယူ-၂၃ လက်ရွေးစင်အသင်းတွင် ရွေးချယ် ခြင်းခံခဲ့ရသည်။ ပြည့်စုံအောင်သည် မန္တ လေးအကယ်ဒမီကျောင်းဆင်းတစ်ဦးဖြစ် ပြီး လူငယ်အသင်းများတွင် ကျင်လည်ခဲ့ ကာ ၂ဝ၁၈ ခုနှစ်တွင် စစ်ကိုင်းယူနိုက်တက် အသင်းတွင် ပါဝင်ကစားခဲ့ပြီး ရှမ်းယူနိုက် တက်အသင်းသို့ ပြောင်းရွှေ့လာသည့် ကစားသမားတစ်ဦးဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် အမ်ပီ တီ မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၉ အမှတ် ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့တွင် အောင်မြင်မှုရရှိရန် ပစ်မှတ်ထားနေပြီး အသင်းနည်းပြချုပ် ရာထူးကိုပါ အပြောင်းအလဲပြုလုပ်ခဲ့ကာ ပြီးခဲ့သည့်ရာသီ ဒုတိယအကျော့ကိုင်တွယ် ခဲ့သည့် နိုင်ငံခြားသားနည်းပြ မာယန်နေ ရာတွင် AFCA လိုင်စင်ရ ပြည်တွင်းနည်း ပြ ဦးမင်းသူနှင့် အစားထိုးခဲ့သည်။

NTL

#democracytoday

Rate this item
(0 votes)
back to top