HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ယူအီးအက်ဖ်အေ၏ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုကြောင်း ဂွါဒီယိုလာပြောဆို၊ ပွဲတိုင်းတွင် ဂိုးပြတ် အနိုင်မရနိုင်ကြောင်း နောက်ခံလူ ကွန်ပနီ ရှင်းလင်း

ယူအီးအက်ဖ်အေ၏ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုကြောင်း ဂွါဒီယိုလာပြောဆို၊ ပွဲတိုင်းတွင် ဂိုးပြတ် အနိုင်မရနိုင်ကြောင်း နောက်ခံလူ ကွန်ပနီ ရှင်းလင်း

မန်စီးတီးနည်းပြဂွါဒီယိုလာက မိမိအနေဖြင့် အသင်းအပေါ် အပြည့်အဝယုံကြည်မှုရှိထားသည် ဖြစ်ရာ ဘဏ္ဍာရေးမျှခြေရှိမှုစည်း မျဉ်းများနှင့်ပတ်သက်၍ ယူအီး အက်ဖ်အေ၏စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးအပြီးသတ်ရန် မျှော်လင့် ထားကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် ယူအီးအက်ဖ် အေ၏စည်းမျဉ်းများနှင့်ကိုက်ညီ စေရန် တစ်ဖက်လှည့်ဖြင့် လုပ် ဆောင်မှုများရှိခဲ့ကြောင်း ဂျာမန် မဂ္ဂဇင်းတစ်စောင်ဖြစ်သော Der Spiegel ကဖွင့်ချရေးသားမှုများ ပြုလုပ်ခဲ့ပြီးနောက် ယူအီးအက်ဖ် အေမှာ မန်စီးတီးအပေါ်စုံစမ်းစစ် ဆေးမှုများပြန်လုပ်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း ယူ အီးအက်ဖ်အေဥက္ကဋ္ဌဆီဖာရင်က ပြောဆိုခဲ့ရာ၌ လွတ်လပ်သောအ ဖွဲ့တစ်ဖွဲ့က မန်စီးတီးကိုစစ်ဆေး မှုများပြုလုပ်နေပြီး မကြာမီ အဖြေ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဆို ခဲ့ရာ အသင်းနှင့်ပတ်သက်သောအ ဖြစ်မှန် အမြန်ဆုံးထွက်ပေါ်လာစေ လိုကြောင်း ဂွါဒီယိုလာကဆိုခဲ့ခြင်း ဖြစ်သည်။


ဂွါဒီယိုလာက ''ယူအီးအက်ဖ် အေက သူ့အလုပ်သူလုပ်တာပါပဲ။ တစ်ခုခုတွေ့ရှိလာတယ်ဆိုရင် အ သင်းက ကြေညာချက်ထုတ်ပြန်ပါ လိမ့်မယ်။ ကျွန်တော်တို့ဘယ်လို အဆုံးသတ်မလဲဆိုတာ အဖြေ ထွက်လာမှာဖြစ်လို့ ဒီစုံစမ်းမှုတွေ ကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော်တို့ စည်းမျဉ်းတွေအ တိုင်းလုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆို တာကို အသေအချာသိရရင် ဒီ ကိစ္စနဲ့ပတ်သက်ပြီး လူတွေရဲ့ပြော စကားတွေ အဆုံးသတ်သွားပါလိမ့် မယ်။ တစ်ခုခုမှားနေတယ်ဆိုရင် အသင်းက ကျွန်တော်တို့ကိုအသိ ပေးမှာဖြစ်လို့ ကျွန်တော်ကတော့ အသင်းအပေါ်မှာ အပြည့်အဝယုံ ကြည်ထားပါတယ်''ဟု ပြောကြား ခဲ့သည်။


တစ်ဆက်တည်းတွင် ဂွါဒီယို လာက ဘုန်းမောက်ကိုအနိုင်ရခဲ့ သောပွဲကို ဒဏ်ရာကြောင့်လွဲချော် ခဲ့ရသော တိုက်စစ်မှူးအဂူရိုအနေ ဖြင့် ချဲလ်ဆီးနှင့်ပွဲတွင် ပြန်လည် ကစားနိုင်ခြင်းရှိ၊ မရှိဆိုခြင်းကို လတ်တလောအတွင်းမသိရှိနိုင် သေးကြောင်း ပြောဆိုခဲ့သည်။ အခြားတစ်ဖက်တွင် မန်စီး တီးနောက်ခံလူကွန်ပနီက အခွင့် အရေးများကို အသုံးမချနိုင်ခဲ့ခြင်း ကြောင့် ဘုန်းမောက်ကို ၂-၁ဖြင့် သာအနိုင်ရခဲ့သော်လည်း ပွဲတိုင်း ကို ခြေအသာ၊ ဂိုးအသာဖြင့် အ နိုင်ရရန် မဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်။ ကွန်ပနီက ''အသင်းအနေနဲ့ ၃-ဝဖြစ်မယ့်အခွင့်အရေးတွေကို လွဲချော်ခဲ့ရတယ်ဆိုပေမယ့် ပွဲအ ပေါ်မှာ အာရုံစူးစိုက်မှုလျော့သွား တယ်လို့မထင်ပါဘူး။ ပွဲတိုင်းကို ခြေပြတ်၊ ဂိုးပြတ်အနိုင်ရဖို့မလွယ် ပါဘူး''ဟု ပြောခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top