HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လီဗာပူးကို စွန့်ခွာမည် မဟုတ်ဟု ဖာဘင်ဟို အခိုင်အမာ ဆို

လီဗာပူးကို စွန့်ခွာမည် မဟုတ်ဟု ဖာဘင်ဟို အခိုင်အမာ ဆို

လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုက အသင်းတွင် ပုံမှန်ပွဲ ကစားခွင့်မရသေးသော်လည်း ဇန်နဝါရီတွင် အသင်း ကိုစွန့်ခွာမည်ဟူသောသတင်းများမှာ မှန်ကန် မှု မရှိကြောင်း ပြောဆိုခဲ့သည်။ ဖာဘင်ဟိုသည် နွေရာသီတွင် မို နာကိုမှ လီဗာပူးသို့ ပေါင် ၃၉သန်းဖြင့် ပြောင်းရွှေ့ခဲ့အပြီးတွင် ပွဲထွက်ကစား သမားအဖြစ် ခြောက်ပွဲသာကစားခွင့် ရခဲ့သည့်အတွက် ဇန်နဝါရီတွင် အသင်း ပြောင်းရန် စဉ်းစားနိုင်ကြောင်း ခန့်မှန်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် ဖာဘင်ဟိုက ''မီဒီယာတွေကို ကျွန်တော်စကားပြောခဲ့တယ်ဆိုတာမှန်ပေမယ့် လီ ဗာပူးကထွက်မယ့်အကြောင်းပြောခဲ့တာမဟုတ်ပါဘူး။ ကျွန် တော့်အနေနဲ့ လိုချင်တဲ့အတိုင်း ပွဲထွက်ကစားခွင့်ရဖို့ စိတ်ရှည်ရ မယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်။ အသင်းမှာလည်း ပျော်ရွှင်နေလို့ ဒီအသင်းကထွက်စရာအကြောင်းမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top