HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စပါးနောက်ခံလူ အဲလ်ဒါဝီရယ်ကို ခေါ်ယူရန် မော်ရင်ဟိုခွင့် ပြုချက်ရရှိထား၊ ယူအီးအက်ဖ်အေ၏ ဆန်ခါတင်စာရင်းတွင် မန်ယူမှ ပေါ့ဘာ တစ်ဦးတည်း ပါဝင်  

စပါးနောက်ခံလူ အဲလ်ဒါဝီရယ်ကို ခေါ်ယူရန် မော်ရင်ဟိုခွင့် ပြုချက်ရရှိထား၊ ယူအီးအက်ဖ်အေ၏ ဆန်ခါတင်စာရင်းတွင် မန်ယူမှ ပေါ့ဘာ တစ်ဦးတည်း ပါဝင်   

မန်ယူနည်းပြမော်ရင်ဟိုသည် လာမည့်ဇန်နဝါရီအပြောင်း အရွှေ့ဈေးကွက်တွင် နောက်ခံလူ တစ်ဦးခေါ်ယူရန် အလိုရှိနေရာ စပါးမှ  အဲလ်ဒါဝီရယ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်ားဝန်ရှိသူများထံမှ ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။  မော်ရင်ဟိုသည် ဇန်နဝါရီ ဈေးကွက်တွင် ခေါ်ယူလိုသည့်က စားသမားများနှင့်ပတ်သက်၍ အမှုဆောင်ချုပ်အက်ဝုဒ်ဝပ်၊ ၎င်း၏ အေးဂျင့်မန်ဒက်စ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အဲလ်ဒါဝီရယ်ကိုခေါ်ယူ ရန် ခွင့်ပြုချက်ရထား ပြီးဖြစ်ကြောင်း သတင်းများကဖော်ပြ ခဲ့သည်။

ဘယ်လ်ဂျီယံ နောက်ခံလူ အဲလ်ဒါဝီရယ်သည် စပါးနှင့်သက် တမ်းတိုးရန် ဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယခုနှစ်ရာသီ အကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ¤င်းအနေဖြင့် မန်ယူသို့ပြောင်းရွှေ့ကစားမည့်သတင်းများမှာ နွေအပြောင်းအ ရွှေ့မှာကတည်းက ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ စပါးအနေဖြင့် အဲလ်ဒါဝီရယ် ကို သက်တမ်းတိုးနိုင်မည့်အခွင့်အ ရေးရှိနေဆဲဖြစ်သော်လည်း သက်တမ်းတိုးမည်ဆိုပါက ယခင်စာချုပ် ပါအချက်များအရ ပေါင် ၂၅ သန်း ပေးရမည်ဖြစ်ရာ ထိုက်သင့်သည့် ကမ်းလှမ်းမှုရှိမည်ဆိုပါက စပါး မှာ ကစားသမားကို ထုတ်ရောင်း ဖွယ်ရှိနေသည်။


မန်ယူအသင်းသည် လက်ရှိတွင် ပေးဂိုး ၂၆ဂိုးအထိပေးထား ရပြီး ဂိုးမပေးရသောပွဲဟူ၍ ဘန် လေ၊ ပဲလေ့စ်တို့နှင့်နှစ်ပွဲသာရှိနေသည့်အပြင် ဒဏ်ရာပြဿနာများ လည်းရှိနေသည့်အတွက် မော်ရင်ဟိုအနေဖြင့် ခံစစ်ပိုင်းကိုအင်အား ဖြည့်တင်းရန် အလိုရှိနေခြင်းဖြစ် သည်။ မန်ယူအသင်းခံစစ်တွင် လင် ဒီလော့ဖ်၊ ဗလင်စီယာ၊ လုခ်ရှော၊ ဖီးလ်ဂျုံးစ်တို့မှာ ဒဏ်ရာပြဿနာ များရှိနေသည့်အပြင် ရိုဂျိုမှာ ဒဏ်ရာမှသက်သာလာစအခြေအနေ ဖြစ်ပြီး စမောလင်းမှာလည်း အရိုး အက်သည့်အခြေအနေများရှိနေ ခြင်းဖြစ်သည်။


အခြားတစ်ဖက်တွင် ယူအီး အက်ဖ်အေ၏ တစ်နှစ်တာအကောင်း ဆုံးကစားသမားကိုပေးအပ်မည့် ဆုအတွက် ဆန်ခါတင်ကစားသမား ၅ဝ ဦးကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူကစားသမားဟူ၍ ပေါ့ဘာ တစ်ဦးတည်းသာ ပါဝင်နေသည်ကို တွေ့ရသည်။ ယခုစာရင်းတွင် ရီးရဲလ်မှ ကိုးဦး၊ ဘာစီလိုနာမှ ခုနစ်ဦး၊ လီဗာပူးနှင့် အက်သလက်တီကိုတို့မှ ခြောက်ဦးစီ၊ ဂျူဗင်တပ်မှ လေးဦး၊ မန်စီးတီးနှင့်ပီအက်စ်ဂျီတို့မှ သုံး ဦးစီ၊ ဘိုင်ယန်၊ ချဲလ်ဆီး၊ ရိုးမား၊ မာဆေးနှင့် စပါးတို့မှ နှစ်ဦးစီပါ ဝင်နေသော်လည်း မန်ယူအသင်း မှမူ ပေါ့ဘာတစ်ဦးတည်းသာ ပါဝင် နေခြင်းဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top