HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အီတလီသို့ လာရောက်ကစားရန် မက်ဆီအား စီရော်နယ်ဒို တိုက်တွန်း

အီတလီသို့ လာရောက်ကစားရန် မက်ဆီအား စီရော်နယ်ဒို တိုက်တွန်း

ဂျူဗင်တပ်တိုက်စစ်မှူး စီ ရော်နယ်ဒိုက မိမိအနေဖြင့် စီးရီး အေတွင် အထိုင်ကျနေသဖြင့် မက်ဆီအပါအဝင် မည်သည့်အရာကိုမျှ လွမ်းဆွတ်တမ်းတနေမည် မဟုတ်ဘဲ မက်ဆီအနေဖြင့်လည်း မိမိကဲ့သို့ အီတလီတွင်လာရောက် ကစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ စီရော်နယ်ဒိုသည် နွေရာသီတွင် ရီးရဲလ်မှဂျူဗင်တပ်သို့ ပေါင် သန်း ၉ဝ ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ် ပြီး လက်ရှိတွင် ဂျူဗင်တပ်အတွက် ၁၉ ပွဲကစားခဲ့ရာ၌ ၁၁ ဂိုးသွင်းယူ နိုင်ခဲ့ရာ အီတလီတွင် အထိုင်ကျ နေပြီဖြစ်ကြောင်း ဆိုခဲ့သည်။

စီရော်နယ်ဒိုက ''ကျွန်တော်က မက်ဆီကို လွမ်းဆွတ်တမ်းတ နေစရာမလိုပါဘူး။ သူကပဲ ကျွန် တော့်ကို တမ်းတကောင်းတမ်းတ နေပါလိမ့်မယ်။ သူက စပိန်မှာပဲ ကစားနေချိန်မှာ ကျွန်တော်က အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ ကစားခဲ့ပြီးပါပြီ။ မက်ဆီအနေနဲ့ ကျွန်တော့်လိုပဲ စိန်ခေါ်မှုတွေကို လက်ခံသင့်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ စပိန်မှာပဲပျော်နေတယ်ဆိုရင်လည်း ဘောလုံးသမားတစ်ဦး အနေနဲ့ရော၊ လူတစ်ဦးအနေနဲ့ပါ မက်ဆီကို ကျွန်တော်လေးစားနေဦးမှာပါ''ဟုဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top