HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လူငယ်ကစားသမား ဖိုဒန်ကို မန်စီးတီး သက်တမ်းတိုး

လူငယ်ကစားသမား ဖိုဒန်ကို မန်စီးတီး သက်တမ်းတိုး

မန်စီးတီးအသင်းသည် ဒေါ့မွန်အပါအဝင် ပြိုင်ဘက်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေသော လူငယ်ကစားသမားဖိုဒန်ကို စာချုပ်သစ်လက်မှတ်ရေးထိုးခြင်းဖြင့် အသင်းတွင်ဆက်ရှိရန် အားထုတ်ခဲ့သည်။ ၁၈ နှစ်အရွယ်သာရှိသေးသော ဖိုဒန်သည် ယခုနှစ်ရာသီတွင် မန်စီးတီးအတွက် ၁၃ ပွဲကစားခွင့်ရထားသူဖြစ်ပြီး ယခုအခါ သီတင်းတစ်ပတ်လျှင် ပေါင်သုံးသောင်းရမည့် ခြောက်နှစ်စာချုပ်သစ်ဖြင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြဂွါဒီယိုလာက ''သူ့အသက်က အခုမှ ၁၈ နှစ် အရွယ်သာရှိပါသေးတယ်။ အသင်းအကယ်ဒမီကထွက်ပေါ်လာပြီး အသင်းကိုလည်းချစ်မြတ်နိုးတဲ့ သူ့လိုကစားသမားကို ပိုင်ဆိုင်ထားရခြင်းဟာ အသင်းအတွက် လက်ဆောင်တစ်ခုပါပဲ။ ဖိုဒန်ဟာ မန်စီးတီးအတွက်ရော အင်္ဂလန်အတွက်ပါ ကစားဖို့အသင့်ဖြစ်နေပါပြီ''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top