HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မိုရာတာအား ခေါ်ယူနိုင်ရေး ဆီဗီလာအသင်း ဆွေးနွေးလျက်ရှိ

မိုရာတာအား ခေါ်ယူနိုင်ရေး ဆီဗီလာအသင်း ဆွေးနွေးလျက်ရှိ

နယူးကာဆယ်

စပိန်ကလပ် ဆီဗီလာအသင်း တာဝန်ရှိသူများသည် လိုအပ်လျက်ရှိသည့် အသင်းတိုက်စစ်အတွက် ချဲလ်ဆီးအသင်း၏ စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာအား ခေါ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ကစားသမားဖြစ်သူ၏အေးဂျင့်နှင့် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

လက်ရှိ ချဲလ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန် နေရသည့် မိုရာတာသည် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် အခြေအနေများအား အဆုံးသတ်ရန် ဆန္ဒရှိနေခဲ့ပြီး မွေးရပ်မြေ စပိန်သို့ ပြန်လည်ပြောင်းရွှေ့ကစားလိုနေကြောင်း သတင်းဖော်ပြမှုများ ရှိခဲ့သည့်အတွက် ¤င်းအားခေါ်ယူရန် စပိန်လာလီဂါအသင်းအချို့မှ စိတ်ဝင်စားနေကြခြင်းလည်း ဖြစ်သည်။


ကစားသမားနည်းတူ ချဲလ်ဆီးအသင်းအနေဖြင့် မိုရာတာအား လက်လွှတ်ရန်ရှိနေခဲ့ကြောင်း အသင်းနှင့်နီးစပ်သည့် သတင်းရင်း မြစ်ကို အခြေခံ၍ ဗြိတိန်မီဒီယာများမှ သတင်းဖော်ပြလျက်ရှိပြီး အခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဂီရော့ဒ်နှင့်အတူ တိုက်စစ်ကစားသမားသစ်တစ်ဦးသာ ခေါ်ယူနိုင်ခဲ့ပါက မိုရာတာအား အသင်းပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိနေခဲ့ကြောင်းလည်း သုံးသပ်မှုများ ရှိခဲ့သည်။ 

WKM

#theyangontimes

Rate this item
(0 votes)
back to top