HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဒိုင်ဘာလာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ ဂျူဗင်တပ် အလိုရှိ

ဒိုင်ဘာလာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ ဂျူဗင်တပ် အလိုရှိ

တူရင်

အီတလီစီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းသည် ဥရောပထိပ်သီးကလပ်အသင်းအချို့၏ စိတ်ဝင်စားခြင်း ခံနေရသည့် တိုက်စစ်မှူး ဒိုင်ဘာလာအတွက် ကမ်းလှမ်းမှုများစွာ လက်ခံရရှိထားကြောင်း အသိအမှတ်ပြုခဲ့ပြီးနောက် အဓိကတိုက်စစ်မှူး ဖြစ်သူအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ ရလိုကြောင်း သတ်မှတ်ကာ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာသည် စီရော်နယ်ဒို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင် ကစားကွက်အရ ဒုတိယဦးစားပေး ကစားသမား ဖြစ်လာသည့်အတွက် အသင်းပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေခဲ့ပြီး ပုံမှန်ပွဲထွက်ကစားခွင့်အပြင် အောင်မြင်မှုများရရှိ နိုင်သည့် ဥရောပထိပ်သီးအသင်းကြီးတစ်သင်းသင်းထံ ပြောင်းရွှေ့ လိုနေခဲ့သူလည်း ဖြစ်သည်။


လက်ရှိထွက်ပေါ်လျက်ရှိသည့် သတင်းများအရ ဒိုင်ဘာလာအား ခေါ်ယူလိုသည့် အသင်းများတွင် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားလျက်ရှိပြီး အခြားထိပ်သီးအသင်းများစွာ၏ ကမ်းလှမ်းမှုများအား လက်ခံရရှိထားသည့်အပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်းအနေဖြင့်လည်း ဂျူဗင်တပ်အသင်းအလို ရှိနေသည့် ပြောင်း ရွှေ့ကြေးအား ပေး ချေရန် အသင့်ရှိနေ ကြောင်း ဆက်စပ်သတင်းများအရ သိရသည်။

WKM

#theyangontimes

Rate this item
(0 votes)
back to top