HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လိဂ်ဖလားပွဲမှ VAR အသုံးပြုမှုကို ဆာရီနှင့် ပိုချက်တီနိုတို့ ဝေဖန်

လိဂ်ဖလားပွဲမှ VAR အသုံးပြုမှုကို ဆာရီနှင့် ပိုချက်တီနိုတို့ ဝေဖန်

စပါးနှင့် ချဲလ်ဆီးတို့ကစားခဲ့သော လိဂ်ဖလားဆီမီးဖိုင်နယ် ပ-အကျော့ပွဲစဉ်တွင် VAR အသုံးပြုခဲ့ရာတွင် စိတ်ကျေနပ်လောက် သောအခြေအနေမျိုးမဖြစ်ခဲ့ကြောင်း နှစ်ဖက်နည်းပြများက ဝေဖန် ပြောဆိုခဲ့ကြသည်။ ပွဲချိန် ၂၆ မိနစ်တွင် စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ချဲလ်ဆီးဂိုးသမားကီပါက ဆွဲလှဲခဲ့ချိန်တွင် စည်းကြပ်ဒိုင်က လူကျွံ ဘောအဖြစ် အလံထောင်ပြထားသော်လည်း ကွင်းလယ်ဒိုင်မှာ VAR  ပြန်ကြည့်ပြီး စပါးကိုပင်နယ်တီပေးခဲ့သလို ကီပါကိုလည်း အဝါကတ်ပြသခဲ့သည်။

ဆာရီက ''အင်္ဂလိပ်ဒိုင်တွေက ဒီနည်း ပညာကိုအသုံးပြုဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီနည်းပညာကိုအီတလီမှာစသုံးတုန်းက အခက်အခဲအများ ကြီးရှိခဲ့လို့ ဒီမှာသုံးမယ်ဆိုရင် သေချာပြန်လေ့လာသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ စပါးနည်းပြပိုချက်တီနိုက VAR  ကြောင့် မိမိတို့အသင်းအတွက် အကျိုးရှိခဲ့သော်လည်း ယခုနည်းပညာကို မိမိမနှစ်သက်ကြောင်း၊ နည်းပညာကိုဆန့်ကျင်ခြင်းမဟုတ်သော်လည်း မည်ကဲ့သို့ အသုံး ပြုမည်၊ စည်းမျဉ်းများကမည်သို့ရှိသည်ကို ရှင်းလင်းစွာသိရန်လို ကြောင်းဝေ ဖန်ခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top