HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့တွင် စည်းမျဉ်းအပြောင်းအလဲ အနည်းငယ်ရှိ

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့တွင် စည်းမျဉ်းအပြောင်းအလဲ အနည်းငယ်ရှိ

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့၏ ရှုံးထွက်အဆင့်ပွဲစဉ်များကို လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စည်းမျဉ်းအချို့အပြောင်းအလဲရှိမည်ဖြစ် ကြောင်း ယူအီးအက်ဖ်အေကထုတ်ပြန်ထားသည်။ အဓိကအပြောင်းအလဲမှာဇန်နဝါရီအပြောင်းအရွှေ့ကာလ တွင် အသင်းသစ်သို့ရောက်ရှိလာ သောကစားသမားတစ်ဦးအနေ ဖြင့် ပြိုင်ပွဲတစ်ခုတည်းမှ အသင်း နှင့် အုပ်စုပွဲများကစားခဲ့လျှင်လည်း ယခင်စည်းမျဉ်းများအတိုင်း Cuptied မိမည် မဟုတ်ဘဲအသင်းသစ်တွင် လွတ်လပ်စွာကစားခွင့်ရှိမည် ဖြစ်သည်။


ယမန်နှစ်က ဒေါ့မွန်မှ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သော အူဘာမီယန်မှာ အသင်းဟောင်းနှင့်အတူ ယူရိုပါလိဂ်ကစားခဲ့သည့်အတွက် အာဆင်နယ်နှင့်ယူရိုပါ လိဂ်ကစားခွင့်မရှိခဲ့သည့် စည်းမျဉ်းကို ယခုနှစ်တွင်ပယ်ဖျက်ပေးလိုက် ခြင်းဖြစ်ပြီး မန်ယူပစ်မှတ် ကူလီဘာလီအနေဖြင့် မန်ယူသို့ရောက် လာပါက နာပိုလီနှင့် ချန်ပီယံလိဂ် ကစားခဲ့ပြီးဖြစ်သော်လည်း မန်ယူနှင့်အတူ ချန်ပီယံလိဂ်ကစားခွင့်ရှိ မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ရှုံးထွက်အဆင့်ပွဲ များတွင် မိနစ် ၉ဝအတွင်းအဖြေ မပေါ်ဘဲ အချိန်ပိုဆက်ကစားရမည်ဆိုပါက စတုတ္ထမြောက်ကစား သမားကို လူစားလဲနိုင်မည့်စည်း မျဉ်းသစ်ကိုလည်း ကျင့်သုံးမည်ဖြစ် ကြောင်းသိရသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top