HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

၁ဝ ရက် နားရနိုင်သည့် ကော်တွိုက်စ်ကြောင့် ရီးရဲလ်အတွက် သတင်းဆိုးဖြစ်လာ

၁ဝ ရက် နားရနိုင်သည့် ကော်တွိုက်စ်ကြောင့် ရီးရဲလ်အတွက် သတင်းဆိုးဖြစ်လာ

ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်သည် တင်ပါးဒဏ်ရာကြောင့် ၁ဝ ရက်ခန့်အနားယူရမည်ဖြစ်ရာ ရီးရဲလ်တွင် ဒဏ်ရာရ၊ ပွဲပယ်ကစားသမားအရေအတွက် ခုနစ်ဦးအထိရှိလာခဲ့ပြီဖြစ်သည်။ ကော်တွိုက်စ်သည် ဘယ်ဘက်တင်ပါးတွင် အဆင့်တစ်ဒဏ် ရာအမျိုးအစားရခဲ့ခြင်းဖြစ်ပြီး မည်မျှကြာကြာနားရမည်ကို ရီးရဲလ်ကမထုတ်ပြန်ခဲ့သော်လည်း ၁ဝ ရက်ခန့်အနားယူရမည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အစောပိုင်းက ရီးရဲလ်ကွင်းလယ်လူတိုနီခရူးစ်မှာ ပေါင်ဒဏ် ရာကြောင့် သီတင်းသုံးပတ်မှ လေးပတ်အတွင်းအနားယူရမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ဂါရတ်ဘေးလ်မှာ ပေါင်ခြံဒဏ်ရာကြောင့် ဇန်နဝါရီလကုန်အထိ ပြန်ကစားနိုင်ဖွယ်မရှိခြင်း၊ အဆန်စီယို၊ မာရီယာနို၊ လော်ရန်တီတို့အားလုံး ဒဏ်ရာပြဿနာများရှိနေခြင်း၊ ဗက်စ်ကွက်ဇ်မှာ ဆိုစီဒက်နှင့်ပွဲတွင်ထုတ်ပယ်ခံရခြင်းကြောင့် ဘက်တစ်နှင့်ပွဲတွင် ပွဲပယ်ခံထားရခြင်းများရှိနေရာ ကော်တွိုက်စ်အနား ယူရမည့်သတင်းက ရီးရဲလ်အတွက် နောက်ထပ်ထိုးနှက်မှုဖြစ်စေ ခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top