HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လျော်ကြေးအပြည့် ရပြီးဖြစ်၍ မော်ရင်ဟို လွတ်လပ်စွာနည်းပြပြန်လုပ်နိုင်၊ ဆိုးလ်ရှား၏ တာထွက်မှာ မိမိထက်ပင် သာလွန်ကြောင်း ဂွါဒီယိုလာ ချီးကျူး

လျော်ကြေးအပြည့် ရပြီးဖြစ်၍ မော်ရင်ဟို လွတ်လပ်စွာနည်းပြပြန်လုပ်နိုင်၊  ဆိုးလ်ရှား၏ တာထွက်မှာ မိမိထက်ပင် သာလွန်ကြောင်း ဂွါဒီယိုလာ ချီးကျူး

မန်ယူနည်းပြဟောင်း မော်ရင်ဟိုသည် အသင်းမှထုတ်ပယ်ခံရစဉ်က လျော်ကြေး အပြည့်အဝရခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိတွင် နည်းပြလောကသို့ လွတ်လပ်စွာပြန် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ မော်ရင်ဟိုသည် မန်ယူနည်းပြအဖြစ် နှစ်နှစ်ခွဲကြာတာဝန်ယူခဲ့ပြီးနောက် ယမန်နှစ်ဒီဇင်ဘာ ၁၈ ရက်က ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်ပြီး မန်ယူအသင်းမှာ ထိုစဉ်ကတည်းက ၎င်းရရန်ရှိသောလျော်ကြေးကို အပြည့်အဝပေးချေပြီးဖြစ်သည့်အတွက် မော်ရင်ဟိုအနေဖြင့် လက်ရှိတွင် မည်သည့်အသင်းကိုမဆို လွတ်လပ်စွာတာဝန်ယူခွင့် ရှိကြောင်းသိရသည်၎င်း

မော်ရင်ဟိုနှင့်နီးစပ်သူတစ်ဦးက ''မော်ရင်ဟိုနဲ့မန်ယူကြားကစာချုပ်မှာ ဘာပြဿနာမှမရှိပါဘူး။ အရာအားလုံးဖြေရှင်းပြီး သားဖြစ်လို့ မော်ရင်ဟိုအနေနဲ့ အလုပ်သစ်တစ်ခုကို အခုချက်ချင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာအလျင်လိုပုံမရဘဲ အရမ်းအေးဆေးနေပါတယ်။ တကယ်လို့ လိုအပ်လာရင် ရာသီကုန်ချိန်အထိစောင့်ရလည်း သူပျော်ရွှင်နေမယ့်ဟန်ရှိပါတယ်''ဟု ဆိုခဲ့သည်။ မန်ယူအသင်းသည် လွန်ခဲ့သောတစ် နှစ်ခန့်က မော်ရင်ဟိုနှင့် စာချုပ်သစ်ချုပ်ဆို ခဲ့ရာတွင် ၂ဝ၁၉-၂ဝ၂ဝ ဘောလုံးရာသီ အကုန်အထိ သက်တမ်းတိုးထားခဲ့ခြင်းဖြစ် ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင် မည့်အချက်ကိုလည်း ထည့်သွင်းထားသည်။


မန်ယူနည်းပြအဖြစ်မှ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ရီးရဲလ်မှာ ¤င်းကိုတစ်ကျော့ပြန်ခန့်အပ်ရန် အလိုရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ၎င်းနှင့် နီးစပ်သူကမူ ရီးရဲလ်မှာ လိုပီတီဂူကိုထုတ်ပယ်ပြီးနောက် မော်ရင်ဟိုကိုဆက်သွယ်ခဲ့သော်လည်း မန်ယူ၌သာ ဆက်နေရန်ဆုံးဖြတ်ခဲ့ကြောင်းပြောဆိုခဲ့သည်။ အခြားတစ်ဖက်တွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်ယူနှင့် တာထွက်ပွဲစဉ်ငါး ပွဲစလုံး နိုင်ပွဲများရယူပေးထားသည့် ဆိုးလ် ရှားမှာ မန်စီးတီး၌ မိမိ၏တာထွက်ထက်ပင် ပိုကောင်းသောရလဒ်ရယူပေးနိုင်သူဖြစ် ကြောင်း ချီးကျူးပြောဆိုခဲ့သည်။


ဆိုးလ်ရှားသည် မန်ယူနည်းပြအဖြစ် တာဝန်ပေးခံရပြီးနောက် ငါးပွဲဆက်တိုက်နိုင်ပွဲရခဲ့သည့်အတွက် ဆာမက်ဘတ်စ်ဘီ၏စံချိန်နှင့်တူညီနိုင်ခဲ့ပြီး ၎င်း၏မန်စီးတီးနည်း ပြဘဝတာ ထွက်နှင့်နှိုင်းယှဉ်ကာ ဂွါဒီယိုလာက ချီးကျူး ခဲ့ခြင်းဖြစ်သည်။ ဂွါဒီ ယိုလာက ''ကျွန်တော့်ရဲ့ မန်စီးတီး နည်းပြဘဝ ပထမဆုံးပွဲမှာ ရှုံးပွဲတွေ့ခဲ့ ပြီး ဒုတိယပွဲမှာသရေ ကျခဲ့လို့ဆိုးလ်ရှားက ကျွန်တော့် ထက်တာထွက် ကောင်းပါတယ်။ သူဟာငယ်ရွယ် ပေးမယ့်အံ့အား သင့်စရာတွေရယူ ပေးနိုင်သူဖြစ်ပါတယ်။''ဟု ပြော ကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top