HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဆောက်သမ်တန် တိုက်စစ်မှူး ချာလီအော်စတင်ကို နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်

ဆောက်သမ်တန် တိုက်စစ်မှူး ချာလီအော်စတင်ကို နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်

ဆောက်သမ်တန်တိုက်စစ် မှူးချာလီအော်စတင်သည် မန် စီးတီးနှင့်ကစားခဲ့သောပွဲတွင် မန်စီးတီးပရိသတ်များအား မတော် လျော်သည့် ကိုယ်လက်အမူအယာ ပြသခဲ့မှုကြောင့် အက်ဖ်အေ၏ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရ ကြောင်းသိရသည်။ ချာလီအော်စတင်သည် မန် စီးတီးကို ၃-၁ ဖြင့်အရေးနိမ့်သည့် ပွဲတွင် လူစားလဲခံရချိန်၌ မန်စီးတီး ပရိသတ်များကို လက်ခလယ် ထောင်ပြခဲ့ခြင်းဖြစ်ပြီး အက်ဖ်အေ က ¤င်း၏အပြုအမူအတွက် ရုပ်သံ ပြကွက်များ၊ ဒိုင်လူကြီးအစီရင်ခံ စာများကိုဖတ်ရှုပြီး နောက်တွင် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် စီစဉ် ခဲ့ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ချာလီ အော်စတင်သည် ယခုတစ်ပတ် တွင်ရင်ဆိုင်ကစားရမည့် လက်စ တာနှင့်ပွဲအပြင် ဒါဘီနှင့်ရင်ဆိုင် ကစားရမည့် အက်ဖ်အေဖလား ပွဲကို လွဲချော်ရတော့မည်ဖြစ်သည်။ ဆောက်သမ်တန်တိုက်စစ်မှူးတစ် ဦးဖြစ်သည့် ဒန်နီအင်းမှာ တံကောက် ကြောဒဏ်ရာကြောင့် အနားယူနေ ရသဖြင့် ယခုအော်စတင်၏ ပွဲပယ် ပြစ်ဒဏ်မှာ ထိုးနှက်ချက်တစ်ခုဖြစ် သွားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top