HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဟု အင်ဒီမာရေးကြေညာ

ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဟု အင်ဒီမာရေးကြေညာ

ဗြိတိန်၏ တစ်သက်တာ အကောင်းဆုံးတင်းနစ်ကစား သမားအင်ဒီမာရေးသည် ဒဏ်ရာအခြေအနေတိုးတက်ကောင်း မွန်ခြင်းမရှိသောကြောင့် ယခုနှစ်အကုန်တွင် အနားယူတော့မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ အသက် ၃၁ နှစ်အရွယ် မာရေးသည် တင်ပါးနာကျင်မှုကို ကာလရှည်ကြာခံစားနေရသူဖြစ်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်း မြို့တွင်ကျင်းပမည့် သြစတြေးလျအိုပင်းပြိုင်ပွဲ သတင်းစာရှင်း လင်းပွဲတွင် အနားယူတော့မည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။ မာရေးက ၎င်းအနေဖြင့်ကစားသမားဘဝကို ဝင်ဘယ်ဒန်အိုးပင်ပြိုင်ပွဲ၌ အဆုံးသတ်လိုခြင်းကြောင့် ယခုနှစ် အကုန်တွင် အနားယူရန်ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

မာရေးသည် ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားဘဝကို ၂ဝဝ၅ ခုနှစ်ကစတင်ခဲ့ပြီး ယခုအချိန်ထိ ဂရင်းစလမ်းပြိုင်ပွဲ ချန်ပီယံသုံးကြိမ်နှင့် အခြားဆုဖလား ၄၅ ကြိမ်တို့ကိုရယူနိုင်ခဲ့ သည်ဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာအခြေအနေများဖြင့် ရုန်းကန်နေရခြင်းကြောင့် ကမ္ဘာ့အဆင့် ၂၃ဝ နေရာတွင် ရပ်တည် နေရသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top