HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အင်္ဂလန်သို့ ပြန်ကစားရန် အစီအစဉ်မရှိဟု ဆန်ချိုပြောဆို

အင်္ဂလန်သို့ ပြန်ကစားရန် အစီအစဉ်မရှိဟု  ဆန်ချိုပြောဆို

ဒေါ့မွန်အသင်းတွင်ခြေစွမ်း ပြနေသော အင်္ဂလန်တောင်ပံကစား သမား ဂျေဒန်ဆန်ချိုက မိမိသည် ဂျာမန်မြေတွင် အခြေကျနေပြီဖြစ် သောကြောင့် အပြောင်းအရွှေ့ ကာလအတွင်း အင်္ဂလန်သို့ ပြန် လည်ပြောင်းရွှေ့ကစားမည်မ ဟုတ်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။

အသက် ၁၈ နှစ်အရွယ် ဆန်ချိုသည် ၂ဝ၁၇ ခုနှစ်က မန်စီးတီးမှ ဒေါ့မွန်သို့ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အတွင်း ဒေါ့မွန်အသင်းအတွက် အထူး ခြေစွမ်းပြနေခြင်းကြောင့် ¤င်း အားအသင်းဟောင်း မန်စီးတီး အသင်းအပါအဝင် ပရီးမီးယား လိဂ်ထိပ်တန်းအသင်းများက ခေါ် ယူရန်မျက်စိကျနေကြသည်။ 

 

သို့ရာတွင်ဆန်ချိုက ''ကျွန် တော့်အတွက် အခွင့်အရေးတွေ ရနေတဲ့ ဂျာမန်မြေမှာပဲ ဘောလုံး ဆက်ကစားချင်ပါတယ်။ ဂျာမန် စကားဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုဆို ပေမယ့် ဘောလုံးပညာမှာတော့ အခက်အခဲမရှိပါဘူး။ မိသားစုက ရော ကလပ်အသင်းကပါ ကျွန် တော့်ကို အများကြီးအကူအညီ ပေးပါတယ်''ဟု ထုတ်ဖော်ပြော သွားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top