HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမား သုံးဦးပါဝင်

ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမား သုံးဦးပါဝင်

၂ဝ၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းကို ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် ပရိသတ်များက မဲပေးရွေးချယ်ခဲ့ကြရာ ပရီးမီးယားလိဂ် ကစားသမားသုံးဦးပါဝင်ခဲ့ကြောင်း သိရသည်။ လီဗာပူးနောက်ခံလူဗန်ဒစ်၊ ချဲလ်ဆီးကွင်းလယ်လူများဖြစ်သော ကန်တီနှင့် ဟာဇက်တို့မှာ ယခုအသင်းတွင်ပါဝင်သော ပရီးမီးယားလိဂ် ကစားသမားသုံးဦးဖြစ်ပြီး ခံစစ်ကစားသမားလေးဦးတွင် ဗန်ဒစ်မှလွဲ၍ အခြားကစားသမားများမှာ ရီးရဲလ်မှဖြစ်ကာ ရာမို့စ်၊ ဗာရန်းနှင့် မာဆယ်လိုတို့ ရွေးချယ်ခံရခြင်းဖြစ်သည်။

ဂိုးသမားနေရာတွင် ပရိသတ်များ၏မဲပေးမှုတွင် ၃ဝ ရာခိုင်နှုန်းကိုရရှိခဲ့သော ဘာစီလိုနာဂိုးသမား တာစတီဂန်ကရရှိခဲ့ပြီး ကွင်းလယ်ကစား သမားသုံးဦးတွင် ကန်တီ၊ ဟာဇက်နှင့် ရွှေဘောလုံးဆုရှင် မိုဒရစ်တို့ရွေးချယ်ခံခဲ့ရသည်။ တိုက်စစ်မှူးသုံးဦးတွင် မက်ဆီနှင့် စီရော်နယ်ဒိုတို့ ရွေးချယ်ခံရခြင်းမှာ အံ့အားသင့်စရာမဟုတ်သော်လည်း ကျန်တိုက်စစ်မှူးနေရာကို လူငယ် တိုက်စစ်မှူးအမ်ဘာပီက ပီအက်စ်ဂျီအသင်းဖော် နေမာကိုကျော်လွန်ပြီး ရွေးချယ်ခြင်းခံခဲ့ရသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top