HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကွန်ဖူးမင်းသား ဘရုစ်လီကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းခဲ့ခြင်းဟု ကွင်းလယ်လူ ဒမ်ဘီလီ ဆို

ကွန်ဖူးမင်းသား ဘရုစ်လီကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းခဲ့ခြင်းဟု ကွင်းလယ်လူ ဒမ်ဘီလီ ဆို

စပါးအသင်းမှ တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန် ဒီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သော ဘယ်လ်ဂျီယံကွင်းလယ်လူ ဒမ်ဘီလီက မိမိသည် တရုတ်ကွန်ဖူးမင်းသား ဘရုစ်လီ၏ လွှမ်းမိုးမှုကြောင့် တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ 

အသက် ၃၁ နှစ်အရွယ် ဒမ်ဘီလီသည် ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်စသော ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းခံခဲ့ရသော်လည်း ဂွမ်းဇူးအဲဗားဂရန်ဒီအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၁၁ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းတွင် တစ်ပတ်လုပ်ခလစာ ပေါင် ၈ဝဝဝဝ အထိရရှိမည့် ဒမ်ဘီလီက တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့်ပတ်သက်၍ ''ကျွန်တော့်အနေနဲ့ တရုတ်စူပါလိဂ်ကိုရွေးချယ်ခဲ့တာဟာ အသစ်တွေရင်ဆိုင်ချင်လို့ဖြစ်ပါတယ်။ ဥရောပအသင်းတွေနဲ့ ကာတာကလပ်တွေရဲ့ ကမ်းလှမ်းမှုခံခဲ့ရပေမယ့် ဂွမ်းဇူးအသင်းနဲ့စွန့်စားမှုကို ပိုပြီးစိတ်ဝင်စားခဲ့မိပါတယ်။ နောက်တစ်ချက်က ကျွန်တော်ဟာ ကွန်ဖူးမင်းသား ဘရုစ်လီရဲ့ ပရိသတ်တစ်ယောက်ပါ။ သူရုပ်ရှင်တွေ ကြည့်ပြီး တရုတ်ကိုသွားချင်နေခဲ့တာကြာပါပြီ''ဟု ရှင်းပြသွား ခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top