HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကစားသမားများ ပါဝါပိုကြီးလာခြင်းမဟုတ်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဆို

ကစားသမားများ ပါဝါပိုကြီးလာခြင်းမဟုတ်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဆို

မန်ယူနည်းပြဆိုးလ်ရှားက ယနေ့ခေတ်တွင် ကစားသမားများ က နည်းပြထက်ပို၍ ပါဝါကြီးလာ သည်မဟုတ်ဘဲ အသင်း၏တန်ဖိုး ကို အလေးထားနေသရွေ့ ကစား သမားများကို ထိန်းချုပ်နိုင်ဆဲဖြစ် ကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် မန်ယူနည်း ပြဘ၀မှထုတ်ပယ်ခံရပြီးနောက် ပ ထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို ခဲ့ရာတွင် ဖာဂူဆန်ပြောဆိုခဲ့သော အသင်းထက်ပိုအရေးပါသောက စားသမားမရှိဆိုခြင်းမှာ ယခုခေတ် တွင်မရှိတော့ဘဲ ကစားသမားများ ၏ပါဝါအင်အား ကြီးမားလာပြီဟု ဆိုခဲ့ခြင်းကို ဆိုးလ်ရှားက တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။


ဆိုးလ်ရှားက ]]ကစားသမား တွေရဲ့ပါဝါပိုကြီးလာတယ်ဆိုတာ ထက် လူမှုမီဒီယာတွေ၊ ပတ်ဝန်း ကျင်အသိုင်းအ၀ိုင်းတွေကြားမှာ ဒီ ဘက်ခေတ်ကစားသမားတွေရဲ့ ရှင်သန်ကြီးပြင်းမှုက ကျွန်တော်တို့ တုန်းကနဲ့မတူတော့ပါဘူး။ အမုန်း တွေမရှိသရွေ့ ဒါဟာကျွန်တော် တို့ရှင်သန်နေရတဲ့အမှန်တရားပါ ပဲ။ ဒါပေမဲ့ ဒီကစားသမားတွေမှာ အသင်းရဲ့တန်ဖိုးကို အလေးထား တဲ့စိတ်ရှိဖို့လိုပါတယ်။ အသင်းကို ကူညီချင်တဲ့စိတ်ရှိရင် အသင်းမှာ ရှိဖို့ထိုက်တန်မှာဖြစ်ပြီး မဟုတ်ရင် တော့ အသင်းမှာရှိဖို့ မထိုက်တန် ပါဘူး။ အသင်းမှာ ဒီလိုတန်ဖိုးတွေ၊ ယုံကြည်မှုတွေနဲ့ ဥပဒေသတွေက တော့ မပြောင်းလဲသေးပါဘူး}}ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top