HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်တွင် ဆီဗီလာနှင့် ဘာစီလိုနာတွေ့ဆုံ

စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်တွင် ဆီဗီလာနှင့် ဘာစီလိုနာတွေ့ဆုံ

စပိန်ဘုရင့်ဖလား ကွာတား ဖိုင်နယ်ပွဲစဉ်များကို ထုတ်ပြန်ကြေ ညာခဲ့ရာ ဘာစီလိုနာအသင်းမှာ ဆီဗီလာနှင့်ရင်ဆိုင်ရမည်ဖြစ်၍ ပွဲကျပ်ခဲ့ပြီး ရီးရဲလ်မှာမူ ဂီရိုနာနှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရှိရ သည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သော လေးရာသီဆက်တိုက် စပိန်ဘုရင့်ဖလားတွင် ဗိုလ်စွဲနိုင်ခဲ့ သောအသင်းဖြစ်ပြီး လာမည့်ကွာ တားဖိုင်နယ်တွင် ဆီဗီလာနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အဝေးကွင်း ၌ စတင်ကစားရမည်ဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲစဉ် များတွင် ရီးရဲလ်အသင်းမှာ ဂီရိုနာ နှင့်လည်းကောင်း၊ ဂီတာဖေးမှာ ဗလင်စီယာနှင့်လည်းကောင်း၊ အက်စ်ပန်ညိုမှာ ဘက်တစ်နှင့် လည်းကောင်း အသီးသီးကစားရ မည်ဖြစ်ပြီး ကွာတားဖိုင်နယ် (ပ-အကျော့)ပွဲစဉ်များကို ဇန်န၀ါရီ ၂၂၊ ၂၃၊ ၂၄ရက်များတွင် ကျင်းပမည်ဖြစ်ပြီး (ဒု-အကျော့) ပွဲစဉ်များကို (ပ-အကျော့)ပွဲများ အပြီး နောက်တစ်ပတ်တွင်ယှဉ်ပြိုင် ကစားစေမည်ဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top