HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကူလီဘာလီ၏ အနီကတ်အယူခံကို ပယ်ချခဲ့ခြင်းအတွက် နာပိုလီစိတ်ပျက်

ကူလီဘာလီ၏ အနီကတ်အယူခံကို ပယ်ချခဲ့ခြင်းအတွက် နာပိုလီစိတ်ပျက်

နာပိုလီအသင်းသည် နောက်ခံလူ ကူလီဘာလီ ၏အနီကတ်ပြစ်ဒဏ် အတွက် အယူခံဝင်ခဲ့ သော်လည်း အီတလီ ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ရာ ယင်းဆုံးဖြတ် ချက်မှာ လူမျိုးရေးခွဲခြား မှုနှင့် အားပြိုင်နေသည့် အချိန်တွင် ရရှိလာသော အခွင့်အရေးကို ဖြုန်း တီးပစ်လိုက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ခံလူ ကူလီဘာလီ သည် ဘောက်ဆင်ဒေးနေ့တွင် အင်တာနှင့်ကစားခဲ့သောပွဲ၌ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်ပြီး ဒုတိယအ၀ါကတ်မှာ ကွင်း လယ်ဒိုင်ကို သရော်ခဲ့ခြင်းကြောင့် ပြသခံရခြင်းဖြစ်သည်။  ကူလီဘာလီ မှာ ယင်းကဲ့သို့ ထုတ်ပယ်ခြင်းမခံရမီ အင်တာပရိ သတ်များ၏လူမျိုးရေးခွဲခြားခြင်း ခံခဲ့ရရာ ယင်းအနီကတ်ကို ပယ် ဖျက်ပေးရန် အယူခံဝင်ခဲ့ခြင်းဖြစ် သော်လည်း အဖွဲ့ချုပ်ကပယ်ချခဲ့ သည်။


နာပိုလီအသင်းက ခွဲခြားစော် ကားမှုများကို တိုက်ဖျက်နေသည့်အ ချိန်တွင် အဖွဲ့ချုပ်၏ဆုံးဖြတ်ချက် မှာ များစွာဝမ်းနည်းစရာကောင်း ကြောင်း၊ ယူအီးအက်ဖ်အေက ဦး ဆောင်သည့် လူမျိုးရေးခွဲခြားမှုတိုက် ဖျက်ရေးတွင် နာပိုလီအနေဖြင့် နှစ် ပေါင်းများစွာတိုင်အောင် ထောက် ခံခဲ့သော်လည်း ယခုဆုံးဖြတ်ချက်က အသင်းကိုသိမ်ငယ်စေကြောင်း၊ လူမျိုးရေးခွဲခြားမှုကိုတိုက်ဖျက်နိုင် မည့်အခွင့်အလမ်းတစ်ခုကို ဆုံးရှုံးခဲ့ ခြင်းဖြစ်ကြောင်းဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top