HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကွင်းလယ်လူ ပရင့်စ်ဘိုတန်ကို ဘာစီလိုနာ အံ့အားသင့်ဖွယ် အငှားခေါ်ယူ၊ ဘာစီလိုနာကို အရေးယူရန် CAS အထိ လီဗန်တေး ဆက်အယူခံဝင်မည်

ကွင်းလယ်လူ ပရင့်စ်ဘိုတန်ကို ဘာစီလိုနာ အံ့အားသင့်ဖွယ် အငှားခေါ်ယူ၊ ဘာစီလိုနာကို အရေးယူရန် CAS အထိ လီဗန်တေး ဆက်အယူခံဝင်မည်

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းသည် စီးရီးအေကလပ် ဆက်ဆူအိုလိုမှ ဝါရင့်ကွင်းလယ်လူ ပရင့်စ်ဘိုတန်ကို ရာသီကုန်အထိ ခေါ်ယူလိုက်ရာ ဇန်နဝါရီဈေးကွက်အတွင်း အံ့အားသင့်ဖွယ်ရာ အပြောင်းအရွှေ့တစ်ရပ်ဖြစ်လာခဲ့သည်။ ဘိုတန်သည် လွန်ခဲ့သော သီတင်းနှစ်ပတ်က ဆီဗီလာသို့ ပြောင်းရွှေ့ခဲ့သော တိုက်စစ်မှူးမူနီ ယာ၏နေရာတွင် အစားထိုးရန် ကစားသမားသစ်တစ်ဦးရှာဖွေနေခဲ့ပြီး စတူအာနီ၊ လော်ရန်တီ၊ မိုရာတာနှင့် ဂီရော့ဒ်တို့ကိုခေါ်ယူမည့်သတင်းများထွက် ပေါ်ခဲ့သော်လည်း ယခုအခါကွင်းလယ်တွင်သာမက တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သော ပရင့်စ်ဘိုတန်ကို ဆက်ဆူအိုလိုထံမှ အငှားဖြင့်ခေါ်ယူ လိုက်ခြင်းဖြစ်သည်။

ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အသင်းအနေဖြင့် ဂါနာလက်ရွေးစင်ပရင့်စ်ဘိုတန်ကို ရာသီကုန်အထိအငှားခေါ်ယူရန် ဆက်ဆူအိုလိုနှင့် သဘောတူညီမှုရခဲ့ပြီး ကစားသမားကိုအပြီးသတ်ခေါ်ယူလိုပါက ယူရိုရှစ်သန်းပေးရမည့်အချက်ကို စာချုပ်အတွင်း ထည့်သွင်းထားကြောင်း ဖော်ပြထားသည်။ ဘိုတန်သည် ကစားသမားဘဝ တွင် ဟာသာဘာလင်၊ စပါး၊ ဒေါ့မွန်၊ ပို့စ်မောက်၊ အေစီမီလန်၊ ရှော်ကေး၊ လက်စ်ပါးမက်စ်၊ ဖရန့်ဖတ်တို့တွင် ကစားခဲ့ဖူးရာ အတွေ့အကြုံများသူ ဖြစ်ပြီး ယခုနှစ်ရာသီတွင် ဆက်ဆူအိုလိုတွင် ကွက်ပျောက်တိုက်စစ်မှူးအဖြစ် ၁၅ ပွဲကစားခဲ့ရာတွင် ငါးဂိုးသွင်းယူ နိုင်ခဲ့ရာ ဘာစီလိုနာအနေဖြင့် ဆွာ ရက်ဇ်ကိုအနားပေးချိန်တွင် အသုံးပြုရန် ဘိုတန်ကိုခေါ်ယူခြင်းဖြစ်ဖွယ်ရှိ နေသည်။


ဘိုတန်က ''ဘောလုံးကစားသည့် ကလေးတိုင်း၏အိပ်မက်မှာ ဘာစီလို နာတွင်ကစားရရေးဖြစ်ပြီး ယခုကဲ့သို့ အသင်းတွင်ကစားနိုင်မည့်အခွင့်အရေး ရလာခြင်းမှာ မိမိ၏အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းဖြစ် သဖြင့် ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့ သည်။ အခြားတစ်ဖက်တွင် လီဗန်တေး အသင်းသည် စပိန်ဘုရင့်ဖလား ၁၆ သင်း ပ-အကျော့ပွဲစဉ်တွင် ထည့်သွင်း ခွင့်မရှိသော ကစားသမားတစ်ဦးကို လူစာရင်းတွင်ထည့်သွင်းခဲ့သည့် ဘာစီလိုနာကိုအရေးယူရန် CAS တရားရုံး အထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


ဘာစီလိုနာသည် ပွဲပယ်ပြစ်ဒဏ် ကျခံရမည့် ဘီအသင်းနောက်ခံလူ ချူမီကို လူစာရင်းထည့်သွင်းခဲ့သဖြင့် အရေး ယူပေးရန် လီဗန်တေးကတောင်းဆိုခဲ့ သော်လည်း တင်ပြချိန်နောက်ကျသည် ဟုဆိုကာ အဖွဲ့ချုပ်ကပယ်ချခဲ့ခြင်းဖြစ် ပြီး CAS  အထိ အယူခံဝင်သွားမည်ဟု လီဗန်တေးကဆိုခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top