HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လူငယ်ကစားသမား တော်မီနေးကို မန်ယူအသင်း သက်တမ်းတိုး

လူငယ်ကစားသမား တော်မီနေးကို မန်ယူအသင်း သက်တမ်းတိုး

မန်ယူအသင်းသည် အသင်းအကယ်ဒမီမှထွက် ပေါ်လာခဲ့သော ကွင်းလယ်လူတော်မီနေးကို အသင်း နှင့် ၂ဝ၂၃ အထိဆက်ရှိနေမည့်စာချုပ်သစ်ဖြင့် ထပ်မံသက်တမ်းတိုးခဲ့ကြောင်းသိရသည်။ တော်မီနေးသည် နည်းပြဟောင်းမော်ရင်ဟိုလက်ထက်က အသင်းကြီးတွင်နေရာရလာသူဖြစ်ပြီး ယမန်နှစ်က ၁၃ ပွဲအထိကစားခွင့်ရခဲ့ပြီးနောက် တောက်ပလာ မည့်မျိုးဆက်သစ်တစ်ဦးအဖြစ် ခန့်မှန်းခြင်းခံခဲ့ရသည်။

ယခုနှစ်ရာသီတွင် ဒဏ်ရာကြောင့်ပွဲကစားခွင့် နည်းပါးခဲ့သော်လည်း မန်ယူအသင်းမှာ တော်မီနေးကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အသက် ငါးနှစ်ကတည်းကရှိနေသော မန်ယူအသင်းတွင် သင်ယူလေ့လာမှုများဆက်လုပ်ကာ ခြေစွမ်းတိုးတက်ရန်ကြိုးစား သွားမည်ဟု တော်မီနေးကဆိုခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top