HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဒါဘီသို့ အပြောင်းအရွှေ့ကြောင့် လမ်းပတ်နှင့် အက်ရှ်လေကိုးလ် ပြန်ဆုံတွေ့

ဒါဘီသို့ အပြောင်းအရွှေ့ကြောင့် လမ်းပတ်နှင့် အက်ရှ်လေကိုးလ် ပြန်ဆုံတွေ့

ဝါရင့်နောက်ခံလူ အက်ရှ်လေကိုးလ်သည် ချန်ပီယံရှစ်ကလပ် ဒါဘီနှင့် ရာသီကုန်အထိလက်မှတ်ရေးထိုးခဲ့ရာ ချဲလ်ဆီးတွင်တွဲကစားခဲ့ဖူးသော လမ်းပတ်နှင့် တစ်ကျော့ပြန်လက်တွဲ ခွင့်ရမည်ဖြစ်သည်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ် သော ကိုးလ်သည် ယမန်နှစ်အောက် တိုဘာလက မေဂျာလိဂ်ကလပ် ဂလက်ဆီအသင်းမှထွက်ခွာခွင့်ရခဲ့ပြီးနောက် အနားယူရန် နီးစပ်ခဲ့သော်လည်း လမ်းပတ်နည်းပြအဖြစ်တာဝန်ယူနေသော ဒါဘီနှင့် ရာသီကုန်အထိ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

အက်ရှ်လေကိုးလ်က ''အခုအင်တာဗျူးက သူ့ကိုဖရန့်လို့ ကျွန်တော် နောက်ဆုံးခေါ်ဆိုခြင်းဖြစ်ပါလိမ့်မယ်။ ဒါဘီကိုရောက်တာ မကြာသေးပေမယ့် လမ်းပတ်ရဲ့အားထုတ်မှုတွေက လေးစား စရာကောင်းပါတယ်''ဟု ပြောခဲ့သည်။ အက်ရှ်လေကိုးလ်သည် ကစားသမားဘဝတွင် အာဆင်နယ်၊ ချဲလ်ဆီး၊ ရိုးမားအသင်းတို့အပါအဝင် အသင်းများစွာ၌ ပွဲပေါင်း ၆၈၂ ပွဲ ကစားခဲ့ပြီး အင်္ဂလန်အတွက် ၁ဝ၇ ပွဲ ကစားထားသူဖြစ်သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top