HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နယူးကာဆယ်ကို အရေးနိမ့်ပြီးနောက် လီဗာပူးချန်ပီယံဖြစ်သွားပြီဟု ထင်မှတ်ခဲ့ကြောင်း ဘာနာဒိုဆေးဗား ဖွင့်ဟ

နယူးကာဆယ်ကို အရေးနိမ့်ပြီးနောက် လီဗာပူးချန်ပီယံဖြစ်သွားပြီဟု ထင်မှတ်ခဲ့ကြောင်း ဘာနာဒိုဆေးဗား ဖွင့်ဟ

ပြီးခဲ့သည့်အပတ်က နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့ ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးအသင်းရရှိသွားပြီဟု ထင်မှတ်ခဲ့မိကြောင်း မန်စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးဗားက ထုတ်ဖော်ပြောကြားလိုက်သည်။ မန်စီးတီးအသင်းသည် နယူးကာဆယ်အသင်းကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့သော်လည်း အာဆင်နယ်ကို ပြန်လည်အနိုင်ယူ နိုင်ခဲ့သည်။

သို့ရာတွင်လီဗာပူးသင်းမှာ မန်စီးတီးအသင်း၏ အမှားကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ လက်စတာ၊ ဝက်စ်ဟမ်းတို့နှင့် နှစ်ပွဲဆက် သရေကျကာ အမှတ်မဖြတ်နိုင်ခဲ့ပေ။ ယခုအခါ မန်စီးတီးက အဲဗာတန်နှင့်ပွဲကို ကြိုတင် ကစားခဲ့ထားပြီး အနိုင်ရရှိခဲ့ခြင်း ကြောင့် လီဗာပူးထက်တစ်ပွဲအသာ ဖြင့် အမှတ်ပေးဇယားကို ဦး ဆောင်လျက်ရှိသည်။ နယူးကာဆယ်ကို အရေးနိမ့်စဉ်ကအခြေအနေနှင့်ပတ်သက်၍ ဘာနာဒို ဆေးဗားက ''နယူးကာဆယ်ကိုရှုံးတော့ ကျွန်တော်တို့တော်တော် လေးခက်ခဲခဲ့ရပါတယ်။ ချန်ပီယံဆုပြိုင်ပွဲများ ကျွန်တော်တို့ ရှုံးသွား ပြီလို့ ထင်လိုက်တယ်။ ဒါပေမဲ့ လီဗာပူးက နှစ်ပွဲဆက်သရေကျ လိုက်တော့ ကျွန်တော်တို့စိတ် ဓာတ်ပိုင်းပြန်တက်လာခဲ့ပါတယ်''ဟု ဝန်ခံသွားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top