HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘရာဇီးဘောလုံးကလပ်အသင်းတွင်မီးလောင်၊ အိပ်ပျော်နေသည့် အားကစားသမား ၁ဝ ဦးသေဆုံး

ဘရာဇီးဘောလုံးကလပ်အသင်းတွင်မီးလောင်၊ အိပ်ပျော်နေသည့် အားကစားသမား ၁ဝ ဦးသေဆုံး

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၉ -  ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီအချိန်က ဘရာဇီးနိုင်ငံဘောလုံးကလပ်အသင်း Flamengo ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကလပ်အတွင်း အိပ်ပျော်နေသူများ အနက် ၁ဝ ဦးသေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာများ ရရှိသွားကာ အများစုမှာ ဆယ်ကျော်သက်အရွယ် ကစားသမားလေးများ ဖြစ်ကြသည်ဟု ဖေဖော်ဝါရီ ၉ ရက်သတင်းများအ ရ သိရှိရသည်။

ရီယိုဒီဂျနေးရိုးမြို့ အနောက်ပိုင်းရှိ Ninho de Urubu လေ့ကျင့်ကလပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကလပ်အသင်းဥက္ကဋ္ဌ ရိုဒိုလ် ဖိုလမ်းဒင်းက ''အသင်းတိုက်ခန်းတွင် အဖွဲ့ဝင်များ၊ အသင်းပရိသတ်များ၊ အနီးအပါးက မိတ်ဆွေများ စု ရုံးရောက်ရှိနေကြချိန် ဒီကြေကွဲဝမ်း နည်းဖွယ်ရာအဖြစ်အပျက် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒါဟာ ၁၂၃ နှစ်အ တွင်း ပထမဆုံးဆိုးရွားတဲ့ ဖြစ်ရပ်ပါ ပဲ''ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

''မီးလောင်ကျွမ်းမှုဖြစ်ရခြင်း မှာ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ကာ လောင်ကျွမ်းကြောင်း ယူဆရသည်'' ဟု မြို့တော်ဒုတိယအုပ်ချုပ်ရေးမှူး ကလော်ဒီယိုရာစ်ထရိုက ထုတ်ဖော် ပြောဆိုလိုက်သည်။ မီးသည် ကား ရပ်နားဝင်းနေရာ၌ အများဆုံးလောင် ကျွမ်းသွားခဲ့ရသည်ဟုလည်း ထုတ် ဖော်ပြောကြားလိုက်သည်။

''ဒါဟာ ဘရာဇီးဘောလုံး လောကမှာတော့ ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ပါပဲ''ဟု နာမည်ကျော် ဘောလုံးကစားသမား ပီလီက ပြော ကြားလိုက်သည်။

''သူတို့ရဲ့အနာဂတ်ဘဝရဲ့ အိပ်မက်တွေက ပျောက်ဆုံးကုန်ပါ ပြီ''ဟု ဘောလုံးဝါသနာရှင်တစ်ဦး ဖြစ်သူ ကာရိုစ်အီဒွာဒိုအရူဂျိုက ထုတ်ဖော်ပြောဆိုလိုက်သည်။

မီးလောင်ရာမှ ထွက်ပြေးလွတ် မြောက်လာခဲ့ရသူ အသက် (၁၆) နှစ် ရှိ ဆင်မြူရယ်ဘာဘိုဆာက ''တစ် ခန်းလုံး မီးခိုတွေမွှန်ထူပြီး ပြည့်နေ တာမို့ အိပ်ပျော်နေသူတွေ ထမရ ဘဲ မီးလောင်သေဆုံးသွားရပါတယ်'' ဟု ပြောကြားလိုက်သည်။

Ref: AP

Rate this item
(0 votes)
YMG

back to top