HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂိုးများသွင်းယူရေးထက် အသင်းကိုအကူအညီပေးရန်သာ ဟာဇက်ရည်မှန်း၊ ဟာဇက်နှင့်ဟီဂူအင်တို့ အတွဲမိမိခြေစွမ်းပြနိုင်ဦးမည်ဟု ဆာရီယုံကြည်

ဂိုးများသွင်းယူရေးထက် အသင်းကိုအကူအညီပေးရန်သာ ဟာဇက်ရည်မှန်း၊ ဟာဇက်နှင့်ဟီဂူအင်တို့ အတွဲမိမိခြေစွမ်းပြနိုင်ဦးမည်ဟု ဆာရီယုံကြည်

ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်က နည်းပြဆာရီအပါအဝင် နည်းပြ များမှာ မိမိကိုတစ်ရာသီအတွင်း ဂိုး ၄ဝ၊ ၅ဝ သွင်းယူနိုင်သည့်ကစားသမားအဖြစ် ရှုမြင်ကြသော်လည်း မိမိမှာကိုယ်တိုင် ဂိုးများစွာသွင်းယူနိုင်ရေးထက် အသင်း ကိုအကူအညီပေးရန်သာ ရည်မှန်းထား ကြောင်းပြောဆိုခဲ့သည်။

ဟာဇက်သည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ ၁၂ ဂိုးသွင်းယူထားရာ ချဲလ်ဆီးကစားသမားဘဝတွင် ဂိုးအများ ဆုံးဖြစ်သည့် ၂ဝ၁၆-၁၇ ဘောလုံးရာသီ က ၁၆ ဂိုးစံချိန်ကို လိုက်မီနိုင်ရန် လေးဂိုး သာလိုအပ်တော့ရာ ဂိုးသွင်းကောင်းသည့် ကစားသမားတစ်ဦးအဖြစ် ¤င်းကိုမြင် တွေ့လိုကြသော်လည်း ယင်းသို့ကစား သမားမျိုးမဟုတ်ဟု ဟာဇက်ကဆိုခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ၂၄ ပွဲကစားထားရာတွင် ဂိုးဖန်တီးမှု ၁ဝ ကြိမ်ပြုလုပ်ထားသောဟာဇက်က မိမိ အနေဖြင့် ကိုယ်တိုင်ဂိုးသွင်းယူရေးထက် အခြားသူဂိုးသွင်းနိုင်ရန် ဖန်တီးပေးရ သည်ကိုပိုမိုအလိုရှိကြောင်း ပြောခဲ့သည်။

ဟာဇက်က ''ကျွန်တော်က တစ် ကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးကစား သမားဖြစ်လာဖို့ ဒါကကျွန်တော့်အား နည်းချက်ဖြစ်နိုင်ပါတယ်။ ဆာရီအပါ အဝင် မော်ရင်ဟို၊ ကွန်တီစတဲ့နည်းပြတွေ က ကျွန်တော့်ကို တစ်ရာသီအတွင်း ဂိုး ၄ဝ၊ ၅ဝ လောက်သွင်းစေချင်ကြပေမယ့် ဒီလိုလုပ်နိုင်ဖို့ မသေချာပါဘူး။ သူတို့က လုပ်နိုင်မယ်လို့ ထင်ကောင်းထင်ကြပေ မယ့် ကျွန်တော့်ကတော့သိပ်မထင်ပါဘူး။ ထိပ်တန်းကစားသမားဖြစ်ချင်တာမှန် ပေမယ့် တခြားသူဂိုးသွင်းနိုင်အောင် ဖန် တီးရတာကိုလည်း ကျွန်တော်ကြိုက်ပါ တယ်။ အသင်းက ဆုဖလားအောင်မြင်မှု တွေရယူနိုင်ဖို့ အသင်းကိုကျွန်တော်ကူ ညီနိုင်ဖို့ပဲရည်မှန်းထားပါတယ်''ဟု ပြော ကြားခဲ့သည်။ အခြားတစ်ဖက်တွင် ချဲလ်ဆီးနည်းပြဆာရီက ဟက်ဒါဖီးလ်ကို အနိုင်ရသောပွဲတွင် တိုက်စစ်မှူးသစ် ဟီဂူအင်နှင့် ဟာဇက်တို့ခြေစွမ်းပြနိုင်ခဲ့ကြ ပြီးနောက် ¤င်းတို့နှစ်ဦး၏ အတွဲအဖက် မိသောကစားဟန်ကို ထပ်မံမြင်တွေ့ရဦး မည်ဟု ယုံကြည်ကြောင်းဆိုခဲ့သည်။

ဆာရီက ''ဟီဂူအင်ဟာ ကျွန်တော့် ကစားကွက်နဲ့ အတော်လေးသင့်တော်ပါ တယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ သူ့ကို ဟာဇက်က မကြာခဏဆိုသလို ဘောလုံး ပေးကစားလေ့ရှိပြီး သူတို့နှစ်ဦးဟာ တူ ညီတဲ့ဘောလုံးဘာသာစကားနဲ့ ဆက် သွယ်ကစားနိုင်ခဲ့ကြပါတယ်။ ဟီဂူအင်မှာ လိုအပ်နေတာ သူ့ကိုယ်သူယုံကြည်ရှိဖို့နဲ့ နည်းပြနဲ့ ဆက်ဆံရေးကောင်းရှိဖို့ပါပဲ''ဟု ပြောကြားခဲ့သည်။

Rate this item
(0 votes)
YMG

back to top