HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချန်ပီယံလိဂ်တွင် အောင်မြင်မှုရသင့်ပြီဟု အမ်ဘာပီတိုက်တွန်း

ချန်ပီယံလိဂ်တွင် အောင်မြင်မှုရသင့်ပြီဟု အမ်ဘာပီတိုက်တွန်း

ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပီက အသင်းအနေဖြင့် ချန်ပီယံ လိဂ်တွင် အောင်မြင်မှုရသင့်သောအချိန်သို့ ရောက်နေပြီဖြစ်သည့် အတွက် အတူတကွအားထုတ်ကြိုးပမ်းသင့်ပြီဖြစ်ကြောင်း အသင်းဖော် များအား တိုက်တွန်းခဲ့သည်။

ယမန်နှစ်ရာသီက နေမာ မပါဝင်နိုင်သော ပီအက်စ်ဂျီမှာ ၁၆ သင်း အဆင့်တွင် ရီးရဲလ်ကိုအရေးနိမ့်ခဲ့ရပြီးနောက် ယခုတစ်ကြိမ်တွင်လည်း နေမာပါဝင်ခြင်းမရှိဘဲ မန်ယူကိုရင်ဆိုင်ရ မည်ဖြစ်ရာ ချန်ပီယံလိဂ်တွင် အောင်မြင် မှုရရန် အမ်ဘာပီကတိုက်တွန်းမှုပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အမ်ဘာပီက ''ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာမလွယ်ပေမယ့် လက် မလျှော့ဘဲ ဆက်လက်တိုက် ပွဲဝင်သွားရမှာပါ။ ဒီလို ဆက်လက် အားထုတ် မယ်ဆိုရင် လိုချင်တဲ့အ ရာကိုရလာမယ်လို့ ယုံ ကြည်ထားပါတယ်။ တောင့်တင်းတဲ့ လူအင် အားလည်းရှိထားလို့ ဒီ ဆုဖလားကိုရသင့်တဲ့ အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါ တယ်''ဟုပြော ကြားခဲ့သည်။

Rate this item
(0 votes)
YMG

back to top