HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဇန်နဝါရီလ အကောင်းဆုံးဆုများကို ရက်ဖို့ဒ်နှင့် ဆိုးလ်ရှားတို့ဆွတ်ခူး

ဇန်နဝါရီလ အကောင်းဆုံးဆုများကို ရက်ဖို့ဒ်နှင့် ဆိုးလ်ရှားတို့ဆွတ်ခူး

ပရီးမီးယားလိဂ်၏ ဇန်နဝါရီ လအတွက် အကောင်းဆုံးဆုများ ကိုထုတ်ပြန်ကြေညာခဲ့ရာ မန်ယူ နည်းပြဆိုးလ်ရှားနှင့် တိုက်စစ်မှူး ရက်ဖို့ဒ်တို့က အသီးသီးဆွတ်ခူးခဲ့ ကြသည်။

ရက်ဖို့ဒ်သည် ဆိုးလ်ရှား လက်အောက်တွင် ခြေစွမ်းပြနေသူ ဖြစ်ပြီး ခြောက်ပွဲကစားခဲ့ရာတွင် သုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုဆုကိုရရှိခဲ့ကာ တစ်ဦးချင်းဆု တံဆိပ်အတွက် ကျေနပ်မိသော် လည်း အသင်းလိုက်အားထုတ်မှု ကြောင့် ရလဒ်များကောင်းခဲ့ခြင်း ဟုပြောဆိုခဲ့သည်။

အကောင်းဆုံးနည်းပြဆုကို မန်ယူနည်းပြဘဝ ပထမ ၁ဝပွဲတွင် ကိုးပွဲအနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့သည့် ဆိုးလ်ရှားက ရွေးချယ် ခြင်းခံခဲ့ရပြီး ၂ဝ၁၂၊ အောက်တို ဘာလက ဖာဂူဆန်ရခဲ့ပြီးနောက် ပိုင်း မန်ယူနည်းပြတစ်ဦးအနေဖြင့် ယခုဆုကို ပထမဆုံးအကြိမ်ရခဲ့ ခြင်းဖြစ်ခဲ့သည်။

Rate this item
(0 votes)
YMG

back to top