HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဆာလာကို ဂုဏ်ပြုသည့်အနေဖြင့် လက်မှတ်ဈေးနှုန်းကို နန့်တက်စ်လျှော့ချ

ဆာလာကို ဂုဏ်ပြုသည့်အနေဖြင့် လက်မှတ်ဈေးနှုန်းကို နန့်တက်စ်လျှော့ချ

ပြင်သစ်ကလပ် နန့်တက်စ် အသင်းသည် လေယာဉ်မတော် တမှုကြောင့် ကွယ်လွန်ခဲ့သော တိုက်စစ်မှူးဟောင်း ဆာလာကို ဂုဏ်ပြုသည့်အနေဖြင့် အိမ်ကွင်း တွင် နီမက်စ်နှင့်ကစားမည့်ပွဲအ တွက် လက်မှတ်ဈေးနှုန်းများကို ယူရို ကိုးပေါင်အထိ လျှော့ချပေး ခဲ့ကြောင်းသိရသည်။

အင်္ဂလိပ်ရေလက်ကြားသို့ ပျက်ကျခဲ့သောလေယာဉ် အပျက် အစီးများကြားမှ ဆယ်ယူခဲ့သော ရုပ်အလောင်းမှာ ဆာလာဖြစ် သည်ဟုအတည်ပြုနိုင်ခဲ့ပြီးနောက် နန့်တက်စ်မှာ ဆာလာဝတ်ဆင် ခဲ့သော ကျောနံပါတ်-၉ ကို ဂုဏ် ပြုသည့်အနေဖြင့် နီမက်စ်နှင့်ပွဲ လက်မှတ်ကို ယူရို ၉ ပေါင်အထိ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ဆာလာ၏ရုပ်အလောင်းကို ¤င်း၏မွေးရပ်မြေအာဂျင်တီးနား သို့ပို့ဆောင်မည်ဖြစ်ရာ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် လိုအပ်မည်ဆိုပါက ပွဲစဉ်ဇယားကို အပြောင်းအလဲပြုလုပ်ပြီး အာဂျင် တီးနားသို့သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးသွား မည်ဖြစ်ကြောင်း နန့်တက်စ်နည်း ပြဟာလီဟော့ဇစ်ကဆိုခဲ့သည်။

Rate this item
(0 votes)
YMG

back to top